top of page
Logo-Icon.png

ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ တိုင်းပြည်ကို မည်သို့မျှော်မှန်းတည်ဆောက်ခဲ့သည်ကို လေ့လာတန်ဖိုးထားရန်လိုကြောင်း စစ်ခေါင်းဆောင် ပြောဆို



ရန်ကုန် ၊ ဇူလိုင် ၁၉ ၊ Horizons


မြန်မာတစ်နိုင်ငံလုံးရှိ ဗိုလ်ချုပ်အောင်ဆန်း၏ ကြေးရုပ်များကို ဖျက်ဆီးရန် အမိန့်ပေးထားပြီး သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မတရားဖမ်းဆီးထိန်းသိမ်းထားသည့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ (ဇူလိုင်လ ၁၉ ရက်) တွင် ကျရောက်သည့် (၇၉) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်လာခဲ့ကြောင်း သိရသည်။


အဆိုပါ အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်လာစဉ်အတွင်း စစ်ခေါင်းဆောင်က မီဒီယာများနှင့် တွေ့ဆုံမေးမြန်းမှု၌ ဖြေကြားရာတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအနေဖြင့် တိုင်းပြည်ကို မည်သို့မျှော်မှန်း တည်ဆောက်ခဲ့သလဲဆိုသည်ကို လေ့လာပြီး တန်ဖိုးထားရန်လိုအပ်ကြောင်း ပြောဆိုသွားခဲ့သည်။


ယနေ့ပြုလုပ်သည့် (၇၉) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်အတူ ၎င်း၏ လက်အောက်ခံများဖြစ်သည့် ရဲဝင်းဦး၊ ခင်ရီ၊ အောင်လင်းဒွေး အပါအဝင် ထိပ်ပိုင်း စစ်ခေါင်းဆောင်များနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။


#မင်းအောင်လှိုင် #အာဇာနည်နေ့ #ဗိုလ်ချုပ်အောင်ဆန်း #ဒေါ်အောင်ဆန်းစုကြည်  #HorizonsNews

 
 
 

Comments


bottom of page