top of page
Logo-Icon.png

ချင်းရိုင် ရထားလမ်းဥမင်လိုဏ်ခေါင်းစီမံကိန်းတွင် နံရံပြိုကျမှုကြောင့် အလုပ်သမား (၂) ဦး သေဆုံးပြီး (၂) ဦး ဒဏ်ရာရ

ချင်းရိုင်၊ ဇွန် ၂၁ ၊ Horizons



ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်ခရိုင်အတွင်း ဖောက်လုပ်နေသည့် ဒေါင်လွောင် (Doi Luang) ရထားလမ်းဥမင်လိုဏ်ခေါင်း တည်ဆောက်ရေးလုပ်ငန်းခွင်၌ ပြီးခဲ့သည့် ဇွန်လ (၂၀) ရက်နေ့ မွန်းလွဲပိုင်းက ရေစိုခံစနစ် (Waterproofing system) တပ်ဆင်နေစဉ် နံရံပြိုကျမှုဖြစ်ပွားခဲ့ရာ အလုပ်သမား (၂) ဦး သေဆုံးပြီး အခြား (၂) ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။


အဆိုပါဖြစ်စဉ်ကြောင့် ထိုင်းနိုင်ငံ မီးရထားပို့ဆောင်ရေးအဖွဲ့ (SRT) က ဥမင်လိုဏ်ခေါင်းတည်ဆောက်ရေး လုပ်ငန်းခွင်တစ်ခုလုံးကို (၂) ရက်ကြာ ယာယီရပ်ဆိုင်းရန် ညွှန်ကြားထားပြီး မတော်တဆမှုဖြစ်ပွားရသည့် အကြောင်းရင်းနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများကို ကျွမ်းကျင်ပညာရှင်များဖြင့် စုံစမ်းစစ်ဆေးသွားမည်ဖြစ်သည်။


လက်ရှိတွင် သက်ဆိုင်ရာအာဏာပိုင်များနှင့် တာဝန်ရှိသူများက ထိခိုက်သေဆုံးခဲ့ရသည့် အလုပ်သမားများ၏ မိသားစုဝင်များထံ သွားရောက်တွေ့ဆုံကာ လိုအပ်သည့် ကူညီပံ့ပိုးမှုများနှင့် ထိုက်တန်သော နစ်နာကြေးများ အမြန်ဆုံးရရှိစေရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။



Comments


bottom of page