top of page
Logo-Icon.png

ဆယ်စုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံး လေဆင်နှာမောင်းကြောင့် တရုတ်နိုင်ငံတွင် သေဆုံးသူ (၁၂) ဦးအထိ ရှိလာပြီး (၃၃၀) ကျော် ဒဏ်ရာရ

ဟူပေ ၊ ဇူလိုင် ၈ ၊ Horizons



တရုတ်နိုင်ငံ အလယ်ပိုင်း၊ ဟူပေ (Hubei) ပြည်နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်နေ့က ဆယ်စုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံးသော အားပြင်း လေဆင်နှာမောင်း တိုက်ခတ်မှုတစ်ခု ကြုံတွေ့ခဲ့ရပြီး ဒေသခံ (၁၂) ဦး သေဆုံးကာ (၃၃၀) ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။


အဆိုပါ အင်အားပြင်း လေဆင်နှာမောင်းသည် ဇူလိုင်လ ၆ ရက် ညနေပိုင်းက ဟူပေပြည်နယ်အတွင်းရှိ ဟွမ်ကန်း (Huanggang) နှင့် အော့ကျိုး (Ezhou) မြို့များကို အဓိက ဦးတည်ရိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။ မိုးလေဝသ ပညာရှင်များ၏ တိုင်းတာချက်များအရ ယခုတိုက်ခတ်ခဲ့သည့် လေဆင်နှာမောင်းမှာ ပြင်းအားအဆင့် (EF4) အထိ ရှိပြီး ဖျက်ဆီးအား အလွန်ပြင်းထန်ကြောင်း သိရသည်။


လက်ရှိ မြေပြင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ၏ အတည်ပြုချက်အရ တိုက်ခတ်မှုအတွင်း သေဆုံးသူ (၁၂) ဦး နှင့် ထိခိုက်ဒဏ်ရာ ရရှိသူ (၃၃၁) ဦး အထိ ရှိလာပြီ ဖြစ်သည်။ အဆောက်အအုံ ပြိုကျမှုများနှင့် ထိခိုက်ပျက်စီးမှု အတိုင်းအတာ အလွန်ကြီးမားသောကြောင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိရာ သေဆုံးသူ အရေအတွက် ထပ်မံမြင့်တက်လာနိုင်ခြေ ရှိကြောင်း တာဝန်ရှိသူများက ဆိုသည်။


(Photo - GDN)


Comments


bottom of page