top of page
Logo-Icon.png

တောင်ကိုရီးယားမြေတွင် ပဲ့တင်ထပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ (၈၁) နှစ်ပြည့် မွေးနေ့ဆုတောင်းပွဲ

ဇွန် ၁၄ ၊ Horizons



နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၈၁) နှစ်မြောက် မွေးနေ့အထိမ်းအမှတ် ဆုတောင်းပွဲတစ်ရပ်ကို တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အထိမ်းအမှတ် ဆုတောင်းပွဲကို တောင်ကိုရီးယားနိုင်ငံ၊ ဘူးဖျောင်းမြို့ (Bupyeong) ရှိ ဂယဲဆန်း (Gyesan) တောင်ပေါ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဆုတောင်းပွဲသို့ လာရောက်ပူးပေါင်းသူများသည် တောင်ပေါ်မြက်ခင်းပြင်တွင် စုဝေးကာ ဖယောင်းတိုင်များကိုယ်စီ ကိုင်ဆောင်၍ "SUU KYI" ဟူသော စာလုံးပုံဖော်ကာ လေးလေးစားစားဖြင့် စုပေါင်းဆုတောင်းမှုများ ပြုလုပ်ခဲ့ကြသည်။


ယခုလှုပ်ရှားမှုသည် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ (၈၁) နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် တောင်ကိုရီးယားရောက် မြန်မာပြည်သူများက ညီညီညွတ်ညွတ် စုပေါင်းကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Comments


bottom of page