top of page
Logo-Icon.png

တောင်ကိုရီးယား သမ္မတကတော်ဟောင်း ကင်မ်ဂွန်ဟီး လာဘ်ပေးလာဘ်ယူမှုဖြင့် ထောင်ဒဏ် ၁ နှစ်နှင့် ၈ လ ချမှတ်ခံရ

ဆိုးလ်၊ ဇွန် ၂၆ ၊ Horizons



တောင်ကိုရီးယားနိုင်ငံ တရားရုံးတစ်ခုက သမ္မတကတော်ဟောင်း ကင်မ်ဂွန်ဟီး (Kim Keon-hee) အား လာဘ်ပေးလာဘ်ယူမှုဖြင့် အပြစ်ရှိကြောင်း တွေ့ရှိရသည့်အတွက် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ထောင်ဒဏ် ၁ နှစ်နှင့် ၈ လ ကျခံစေရန် အမိန့်ချမှတ်လိုက်သည်။


သို့သော်လည်း သမ္မတကတော်ဟောင်း ကင်မ်ဂွန်ဟီးသည် စတော့ရှယ်ယာဈေးကွက် ကစားမှုနှင့် နိုင်ငံရေးရန်ပုံငွေဥပဒေ ချိုးဖောက်မှု စသည့် စွပ်စွဲချက်များနှင့် ပတ်သက်၍မူ တရားရုံးက အပြစ်မရှိကြောင်း ဆုံးဖြတ်ကာ ကင်းလွတ်ခွင့် ပေးခဲ့သည်။


တရားစွဲဆိုသူများ၏ စွပ်စွဲချက်တွင် ကင်မ်ဂွန်ဟီးသည် ၂၀၁၀ နှင့် ၂၀၁၁ ခုနှစ်အတွင်း တရားမဝင် စတော့ရှယ်ယာဈေးကွက် ကစားမှုတွင် ပါဝင်ခဲ့ပြီး ဝမ် သန်း ၈၀၀ (အမေရိကန်ဒေါ်လာ ၅၆၁,၉၀၀ ခန့်) အမြတ်ထုတ်ခဲ့သည်ဟု ဖော်ပြထားသော်လည်း ယင်းအမှုမှ ကင်းလွတ်ခဲ့ခြင်းဖြစ်သည်။


သို့သော်လည်း ယူနီဖီကေးရှင်း ချာ့ခ်ျ ခရစ်ယာန်အသင်းတော်ထံမှ သြဇာလွှမ်းမိုးမှုရရှိရန် ကြိုးပမ်းသည့်အနေဖြင့် ပေးအပ်သော ဝမ် သန်း ၈၀ (အမေရိကန်ဒေါ်လာ ၅၆,၁၇၀ ခန့်) တန်ဖိုးရှိ Chanel အိတ် (၂) လုံး၊ တန်ဖိုးကြီး စိန်ဆွဲကြိုးတစ်ကုံးနှင့် ကိုရီးယားရိုးရာ ဂျင်ဆင်းများကို လက်ခံရယူခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။


အဆိုပါ စွပ်စွဲချက်များနှင့် ပတ်သက်၍ သမ္မတကတော်ဟောင်း ကင်မ်ဂွန်ဟီးက သူမအနေဖြင့် မည်သည့်အမှားမှ မလုပ်ခဲ့ဘဲ အပြစ်မရှိကြောင်း ငြင်းဆိုထားပြီး၊ သူမကိုယ်တိုင် ရှယ်ယာအရောင်းအဝယ် မလုပ်ခဲ့သလို လုပ်ဆောင်ရန် ညွှန်ကြားခဲ့ခြင်းမျိုးလည်း မရှိခဲ့ကြောင်း သူမ၏ ရှေ့နေများက တရားရုံးတွင် လျှောက်လဲခဲ့သည်။ 


ထို့အပြင် ခရစ်ယာန်အသင်းတော်ဘက်ကလည်း ၎င်းတို့ပေးအပ်ခဲ့သည့် ပစ္စည်းများနှင့် ပတ်သက်၍ မည်သည့်အကျိုးအမြတ် သို့မဟုတ် တစ်စုံတစ်ရာ မျှော်လင့်ချက်မျိုးမှ မရှိဘဲ သာမန်လက်ဆောင်အဖြစ်သာ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုပြောကြားထားသည်။


Comments


bottom of page