top of page
Logo-Icon.png

တတိယမြောက် ချားလ်စ်ဘုရင်၏ မွေးနေ့အထိမ်းအမှတ် "Trooping the Colour" စစ်ရေးအလှပြပွဲ လန်ဒန်တွင် ကျင်းပ


ဇွန် ၁၄ ၊ Horizons


လန်ဒန်မြို့တွင် တတိယမြောက် ချားလ်စ်ဘုရင်၏ တရားဝင်မွေးနေ့အထိမ်းအမှတ် "Trooping the Colour" စစ်ရေးအလှပြ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ပြည်သူလူထုအများအပြား လာရောက်အားပေးခဲ့ကြသည်။


ချားလ်စ်ဘုရင်နှင့် မိဖုရား ကမ်မီလာတို့သည် သမိုင်းဝင် Ascot Landau ရထားလုံးကို စီးနင်းလျက် ဘက်ကင်ဟမ်နန်းတော်မှနေ၍ Horseguards Parade ကွင်းဆီသို့ ထွက်ခွာလာခဲ့ကြသည်။


 အဆိုပါစစ်ရေးပြပွဲတွင် တော်ဝင်တပ်မှူးများဖြစ်ကြသည့် ဝေလမင်းသား ဝီလျံ၊ မင်းသမီး အန်းနှင့် အီဒင်ဘာရာမြို့စားတို့က မြင်းစီး၍ လိုက်ပါခဲ့ကြပြီး ဝေလမင်းသမီး ကက်သရင်းနှင့် သားတော်၊ သမီးတော် သုံးပါးတို့က ရထားလုံးဖြင့် လိုက်ပါလာခဲ့ကြသည်။


ဂီတပညာရှင် ၄၀၀ ခန့်ပါဝင်သော စစ်ရေးပြတီးဝိုင်းများ ချီတက်လာစဉ် လမ်းတစ်လျှောက် လူအုပ်ကြီးက အားပေးခဲ့ကြသော်လည်း ၎င်းတို့အထဲတွင် ဘုရင်စနစ်ကို ဆန့်ကျင်သည့် Republic အဖွဲ့မှ ဆန္ဒပြသူများက "Down with the Crown" နှင့် "You are not our King" စသည့် ကြွေးကြော်သံများဖြင့် ဟစ်အော်ဆန္ဒပြမှုများလည်း ရှိခဲ့သည်။


အခမ်းအနား၏ အထွတ်အထိပ် အစီအစဉ်အဖြစ် နေ့လယ် ၁ နာရီအချိန်တွင် ဗြိတိန်တော်ဝင်လေတပ်၏ နာမည်ကျော် "Red Arrows" လေကြောင်းအလှပြအဖွဲ့က ဘက်ကင်ဟမ်နန်းတော်ပေါ်မှ ပျံသန်းဂုဏ်ပြုခဲ့ကြပြီး ယင်းအလှပြပျံသန်းမှုကို တော်ဝင်မိသားစုဝင်များက နန်းတော်လသာဆောင်မှနေ၍ ကြည့်ရှုရှုစားခဲ့ကြကြောင်း သိရှိရသည်။


ကိုးကား - BBC

Comments


bottom of page