top of page
Logo-Icon.png

ပက်ထရီယော့ ဒုံးခွင်းဒုံးများ ထုတ်လုပ်ရန် ဂျပန်ထံမှ အကူအညီရယူရေး ယူကရိန်းသမ္မတ စဉ်းစားနေ

ကိယက်ဗ် ၊ ဇူလိုင် ၁၁ ၊ Horizons



ယူကရိန်းနိုင်ငံအနေဖြင့် ပက်ထရီယော့ (Patriot) ဒုံးခွင်းဒုံးများ ထုတ်လုပ်ရာတွင် ဂျပန်ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းလုပ်ဆောင်သွားရန် စိတ်ဝင်စားမှုရှိနေကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီးက ပြောကြားလိုက်သည်။


တူရကီနိုင်ငံ၊ အန်ကာရာမြို့တွင် ကျင်းပလျက်ရှိသော နေတိုး (NATO) ထိပ်သီးအစည်းအဝေး၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ပက်ထရီယော့ ဒုံးခွင်းဒုံးများ ထုတ်လုပ်ရန် အမေရိကန်ဘက်က ယူကရိန်းအား လိုင်စင်ခွင့်ပြုချက် ပေးသွားမည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။ 


ယင်းသို့ ထုတ်ပြန်ပြီးနောက် ယူကရိန်းသမ္မတ ဇီလန်စကီးက ယမန်နေ့တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ယခုကဲ့သို့ မှတ်ချက်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။


ပက်ထရီယော့ဒုံးကျည်များကို လိုင်စင်ဖြင့် ထုတ်လုပ်နေသည့် ဂျပန်အခြေစိုက် မစ်ဆူဘီရှီ အကြီးစားစက်မှုလုပ်ငန်း (Mitsubishi Heavy Industries) နှင့်ပတ်သက်၍ မှတ်ချက်ပေးရာတွင် အဆိုပါ ဂျပန်ကုမ္ပဏီ၏ မြင့်မားသော ထုတ်လုပ်မှုစွမ်းရည်မှာ ယူကရိန်းနိုင်ငံအတွက် ထုတ်လုပ်မှုများ စတင်ရန် ခိုင်မာသော ရှေ့ပြေးနမူနာကောင်းတစ်ခု ဖြစ်ကြောင်း ဇီလန်စကီးက ဆိုသည်။ 


အကယ်၍ ဂျပန်နိုင်ငံဘက်ကသာ စိတ်အားထက်သန်မှုရှိပါက ယူကရိန်းအနေဖြင့် ၎င်းတို့၏ အတွေ့အကြုံများကို မျှဝေသွားလိုကြောင်းလည်း ယူကရိန်းသမ္မတက ဆက်လက်ပြောဆိုခဲ့သည်။


လက်ရှိတွင် ယူကရိန်းနိုင်ငံသည် ရုရှားတို့၏ ပဲ့ထိန်းဒုံးကျည်ဖြင့် တိုက်ခိုက်မှုများကို ကြားဖြတ်ဟန့်တားရန်အတွက် ဒုံးခွင်းဒုံးများ အလွန်အမင်း လိုအပ်လျက်ရှိနေသည်။ 


သို့သော်လည်း အမေရိကန်ထံမှ လိုင်စင်ခွင့်ပြုချက် ရရှိပြီးနောက်တွင်ပင် ပက်ထရီယော့ ဒုံးကျည်ထုတ်လုပ်မှုများ အမှန်တကယ် စတင်နိုင်ရန် ယူကရိန်းအနေဖြင့် အနည်းဆုံး (၂) နှစ်ခန့် အချိန်ယူပြင်ဆင်ရနိုင်ကြောင်း စစ်ရေးကျွမ်းကျင်သူ ပညာရှင်တစ်ဦးက သုံးသပ်ပြောကြားထားသည်။

Comments


bottom of page