top of page
Logo-Icon.png

ဘန်ကောက်မြို့ နေ ထောက်ပို့အမျိုးသမီးတစ်ဦးကို သတ်ခဲ့တဲ့အတူနေချစ်သူကို ဖမ်းဆီးရမိပြီလို့ ထိုင်းလူမှုကွန်ရက်စာမျက်နှာတွေက ဖော်ပြ

ဘန်ကောက် ၊ ဇွန် ၁၂ ၊ Horizons



ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ Makkasan နယ်မြေ၊ Soi Ratchaprarop 14 ရပ်ကွက်ရှိ နေအိမ်တစ်လုံးမှာ အမျိုးသမီးတစ်ဦးကို ကိုယ့်ခန္ဓာပြတ်တောက်ဒဏ်ရာတွေနဲ့ သေဆုံးအောင် သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးရမိပြီလို့ ထိုင်းလူမှုကွန်ရက်စာမျက်နှာတွေမှာ ဖော်ပြနေကြပါတယ်။


ဒီသေဆုံးသူက နွေဦးတော်လှန်ရေးကာလမှာ ထောက်ပို့ လုပ်နေတဲ့ အမျိုးသမီးတစ်ဦး ဖြစ်ပြီး မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးမှုကို တိမ်းရှောင်ဖို့ ဘန်ကောက်မြို့မှာ လာရောက်နေထိုင်နေတာလို့ သူရဲ့လှူမှုကွန်ရက်သူငယ်ချင်းဖြစ်သူက Horizons News ကို ပြောပါတယ်။


သေဆုံးသူရဲ့လှုမှုကွန်ရက်သူငယ်ချင်းဖြစ်သူက “ အစ်မဆီကလည်း ထောက်ပို့သွားတယ်။ တစ်ခြားသူတွေဆီ ကလည်း ထောက်ပို့ပေးတယ်။ သူနိုင်သလောက် တော်တော်များများကို ထောက်ပို့ပေးတယ်” လို့ ပြောပါတယ်။


အသတ်ခံရသူက သူရဲ့အတူနေချစ်သူက  အချင်းချင်း စကားများတိုင်း လက်ပါလေ့ရှိကြောင်း မိတ်ဆွေ သူငယ် ချင်းတွေဆီ မကြာခဏဆိုသလို ရင်ဖွင့်လေ့ ရှိတယ်လို့ သေဆုံးသူရဲ့လှုမှုကွန်ရက်သူငယ်ချင်းဖြစ်သူက ဆိုပါ တယ်။


သတ်ဖြတ်မှုကို ကျူးလွန်ခဲ့သူလို့ ယူဆရတဲ့ အတူနေချစ်သူ မောင်ဟိန်းဇော်ဌေး (၂၇ နှစ်) ဖမ်းဆီးရမိပြီလို့ ထိုင်းလူမှုကွန်ရက်စာမျက်နှာတွေ ဖော်ပြနေပေမဲ့ Horizons News  က သီးခြားအတည်မပြုနိုင်သေးပါဘူး။

Comments


bottom of page