top of page
Logo-Icon.png

မြန်မာ့အရေးသုတေသီ ဦးမင်းဇင်အား သူလျှိုမှုဖြင့် ဖမ်းဆီးထားကြောင်း တရုတ်အစိုးရ တရားဝင်အတည်ပြု

ဇွန် ၁၂ ၊ Horizons



မြန်မာ့အရေးသုတေသီ အမေရိကန်နိုင်ငံသား ဦးမင်းဇင်အား တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ထိခိုက်စေသည့် သူလျှိုလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေမှုဖြင့် ဖမ်းဆီးထိန်းသိမ်းကာ ရာဇဝတ်မှုဆိုင်ရာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ထားကြောင်း တရုတ်အစိုးရက တရားဝင်အတည်ပြုလိုက်သည်။


ယနေ့ (ဇွန်လ ၁၂ ရက်) ပေကျင်းမြို့တွင် ပြုလုပ်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ လင်ကျန်း (Lin Jian) က ဤသို့ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ ဖမ်းဆီးမှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ကျိုးမြို့ရှိ အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးသို့လည်း တရားဝင်အကြောင်းကြားထားပြီးဖြစ်ကြောင်း ဖြေကြားခဲ့သည်။


ဦးမင်းဇင် တည်ထောင်ထားသည့် ISP-Myanmar အဖွဲ့သည်မြန်မာ့ပြည်တွင်းပဋိပက္ခများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပြင်၊ မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံ၏ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုများ၊ ဘက်စုံနိုင်ငံရေးဩဇာလွှမ်းမိုးမှုများနှင့် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့နေသည့် မြေရှားသတ္တု (Rare Earth) အကြောင်းများအပါအဝင် တရုတ်-မြန်မာ ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များကို အချက်အလက်အခြေပြု စောင့်ကြည့်လေ့လာ သုတေသနပြုလုပ်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

Comments


bottom of page