မုံရွာမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ အပြစ်မဲ့ပြည်သူနှစ်ဦး သေဆုံး
- Horizons News

- 3 hours ago
- 1 min read
စစ်ကိုင်း၊ ဇွန် ၁၆ ၊ Horizons

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွေးကျေးရွာ နဲ့ ကြေးမုံရွာတွေက စစ်ရှောင်ပြည်သူတွေကို အကြမ်းဖက်စစ် တပ်က ဒရုန်းနဲ့ ကြဲချခဲ့တဲ့တွက် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ် တစ်ဦး ပေးပို့ချက်အရ သိရပါတယ်။
ဒီဖြစ်စဉ်က မနေ့နေလယ်ပိုင်းမှာ မုံရွေးတန်ပိုဂိတက် အကြမ်းဖက်စစ်တပ်တပ်ဖွဲ့ဝင်တွေက ပြုလုပ်ခဲ့တာလို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
မြေပြင်သတင်းရင်းမြစ်က “ တိုက်ပွဲ မဖြစ်ဘဲ အသားလွတ် တွယ်တာ။ မနေ့က အရပ်သားထိခိုက်တာက သုံးယောက်ကို ၂ယောက်သေ။ တစ် ယောက် ဒဏ်ရာရ” လို့ ပြောပါတယ်။
သေဆုံးသူနှစ်ဦးထဲက ဦးပေါ်ကာ(၇၀နှစ်) က နေရာတင် သေဆုံးပြီး ကိုစူးက ဆေးကုသဖို့သွားရာလမ်းမှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်က မုံရွေးရွာ နဲ့ ကြေးမုံရွာကို အရပ်သားပုံစံအမျိုးမျိုးနဲ့ ဝင်ရောက်လေ့ရှိပြီး ဒေသခံပြည်သူတွေကို ဖမ်းဆီးကာ ပြည်သူနေအိမ်တွေကို ဖျက်ဆီးလေ့ ရှိပါတယ်။
အကြမ်းဖက်စစ်တပ် နဲ့ တော်လှန်ရေးတပ်တွေက မကြာခဏဆိုသလို မုံရွာ - ချောင်းဦးလမ်းပိုင်းမှာ တိုက်ပွဲတွေ ရှိနေတာ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ မုံရွေး- ကြေးမုံရွာ မီးလောင်နေတာကို တွေ့ရစဉ်။ (ဓာတ်ပုံ - မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး)



Comments