ဖြူးမြို့နယ်၊ ကညွှတ်ကွင်းမြို့တွင် အမွှာမောင်နှမအပါအဝင် ကလေးငယ် (၃) ဦး ရေနစ်သေဆုံး
- Horizons News

- 2 hours ago
- 1 min read
ပဲခူး၊ ဇွန် ၁၆ ၊ Horizons

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကညွှတ်ကွင်းမြို့တွင် ယမန်နေ့ (ဇွန်လ ၁၅ ရက်) က အမွှာမောင်နှမ နှစ်ဦးအပါအဝင် တစ်မိသားစုတည်းမှ ကလေးငယ် (၃) ဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ကညွှတ်ကွင်း နာရေးကူညီမှုအသင်းမှ သိရသည်။
ဖြစ်စဉ်မှာ ကညွှတ်ကွင်းမြို့၊ ခင်တန်းရပ်ကွက်၊ ခင်တိုးချဲ့မြေနေရာရှိ သုသာန်အနီး မြေတူးဖော်ထားသော ရေအိုင်အတွင်း ကလေးငယ်များ ရေဆင်းဆော့ကစားရာမှ အမှတ်မထင် နစ်မြုပ်သေဆုံးခဲ့ခြင်းဖြစ်သည်။
ရေနစ်သေဆုံးသွားခဲ့သည့် ကလေးငယ်များမှာ စတုတ္ထတန်း တက်ရောက်နေသည့် အသက် (၁၂) နှစ်အရွယ် အမွှာမောင်နှမဖြစ်သော မကြယ်စင်အေး၊ မောင်ကြယ်စင်အောင် နှင့် ဒုတိယတန်း တက်ရောက်နေသည့် အသက် (၇) နှစ်အရွယ် ညီမငယ်ဖြစ်သူ မဇွန်ပန်းဖြူ တို့ဖြစ်ကြပြီး ၎င်းတို့ သုံးဦးစလုံးမှာ မောင်နှမအရင်းများဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် ရေနစ်သေဆုံးသွားသည့် ကလေးငယ်များ၏ ရုပ်အလောင်းများကို ဆေးရုံမှတစ်ဆင့် ပြန်လည်သယ်ဆောင်လာခဲ့ပြီး လာမည့် မနက်ဖြန် ဇွန်လ (၁၇) ရက်နေ့တွင် သင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်းဝင်တစ်ဦးက ရှင်းပြသည်။



Comments