top of page
Logo-Icon.png

၇ ဖွဲ့ပါ တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့ (7 EAO Alliance) ၏ ထိပ်သီးအစည်းအဝေး ကျင်းပမည်

ဇွန် ၁၆ ၊ Horizons



တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၇) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် 7 EAO Alliance ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို လာမည့် ဇွန်လ (၁၈) ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။


အဆိုပါ အစည်းအဝေးတွင် ပြီးခဲ့သည့်ရက်ပိုင်းက နေပြည်တော်၌ ပြုလုပ်ခဲ့သော 7 EAO Alliance ၏ အလွတ်သဘော ဆွေးနွေးညှိနှိုင်းရေးအဖွဲ့နှင့် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ တွေ့ဆုံဆွေးနွေးမှုများမှ ရရှိလာသည့် အခြေအနေများကို ပြန်လည်တင်ပြသွားမည်ဖြစ်သည်။


ထိုသို့ တင်ပြပြီးနောက် ခေါင်းဆောင်များထံမှ အကြံပြု သဘောထားမှတ်ချက်များ ရယူသွားမည်ဖြစ်ကြောင်း အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောကြားထားသည်။


NSPNC နှင့် တွေ့ဆုံစဉ်က 7 EAO Alliance ဘက်မှ ဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လည်လွှတ်ပေးရန်နှင့် သက်ဆိုင်သူအားလုံး ပါဝင်ခွင့်ရှိသည့် အားလုံးပါဝင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်ရန် အပါအဝင် အချက် (၉) ချက်ပါ တောင်းဆိုချက်များကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Comments


bottom of page