top of page
Logo-Icon.png

အမေရိကန်လွတ်လပ်ရေး နှစ် (၂၅၀) ပြည့်နှင့် ၎င်း၏ (၈၀) ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် အိမ်ဖြူတော်တွင် သမ္မတထရမ့် UFC ပွဲစဉ်ကို ကျင်းပ

ဇွန် ၁၅ ၊ Horizons



အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် နိုင်ငံ၏ နှစ် (၂၅၀) ပြည့် နှစ်ပတ်လည် အစီအစဉ်များနှင့် ၎င်း၏ အသက် (၈၀) ပြည့် မွေးနေ့ကို တိုက်ဆိုင်စွာဖြင့် အိမ်ဖြူတော်ဝင်းအတွင်း UFC သိုင်းကြိုးဝိုင်းပွဲစဉ်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည်။


ပွဲစီစဉ်သူများအနေဖြင့် ဆိုးရွားသည့် ရာသီဥတုအခြေအနေများ ကြုံတွေ့ရမည်ကို စိုးရိမ်လျက်ရှိသော်လည်း ပွဲစဉ်ကို ခမ်းနားစွာ ပြင်ဆင်ထားသည်။ 


အိမ်ဖြူတော် တောင်ဘက်မြက်ခင်းပြင် တွင် UFC Octagon ကြိုးဝိုင်းပတ်လည်၌ Claw ဟု အမည်ရသည့် ဧရာမအဆောက်အအုံကြီးကို တည်ဆောက်ထားပြီး သမ္မတထရမ့်က UFC အမှုဆောင်အရာရှိချုပ် ဒေနာဝှိုက် နှင့်အတူ ပွဲကြည့်စင်သို့ ဝင်ရောက်လာချိန်တွင် ဂျက်လေယာဉ် (၁၂) စီးဖြင့် အပေါ်မှ ပျံသန်းဂုဏ်ပြုခဲ့သည်။


ယင်းကဲ့သို့ အိမ်ဖြူတော်အတွင်း သိုင်းကြိုးဝိုင်းပွဲစဉ် ကျင်းပမှုအပေါ် MAGA ထောက်ခံသူများနှင့် မဟာမိတ်များအကြား များစွာစိတ်အားထက်သန်မှုများ ဖြစ်ပေါ်စေခဲ့သော်လည်း ဝေဖန်သူများနှင့် အချို့သော ရီပတ်ဘလစ်ကန်ပါတီဝင်များကမူ ပြစ်တင်ရှုတ်ချမှုများနှင့် သံသယဝင်မှုများ ရှိနေသည်။


ပွဲကြည့်ပရိသတ်များက အိမ်ဖြူတော်ပတ်ဝန်းကျင်ရှိ ပွဲကြည့်ဇုန်များနှင့် အားပေးသည့်နေရာများသို့ စုရုံးရောက်ရှိနေချိန်တွင် အိမ်ဖြူတော်အပြင်ဘက်၌ ဆန့်ကျင်ဆန္ဒပြသူများကလည်း စုရုံးဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။


သမ္မတထရမ့်အတွက် ယနေ့သည် အဖြစ်အပျက်များပြားလှသော နေ့တစ်နေ့ဖြစ်ပြီး ရက်သတ္တပတ်များစွာကြာ သံတမန်ရေးရာ ကြိုးပမ်းခဲ့ရသည့် အီရန်နိုင်ငံနှင့် သဘောတူညီချက်တစ်ရပ် ရရှိခဲ့ပြီဖြစ်ကြောင်း အစောပိုင်းတွင် ကြေညာခဲ့သည်။ 


ထို့အပြင် သမ္မတသည် အဆိုပါ UFC ပွဲစဉ်များ ပြီးစီးသည်နှင့်တစ်ပြိုင်နက် G7 ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ချက်ချင်း ထွက်ခွာသွားမည်ဖြစ်ကြောင်း သိရှိရသည်။


ကိုးကား - CNN

Comments


bottom of page