top of page
Logo-Icon.png

အမေရိကန်-အီရန် ဆွေးနွေးပွဲများ ဖျက်သိမ်း၊ အစ္စရေး၏ တိုက်ခိုက်မှုများကို ကန့်ကွက်ပြီး ဟော်မုဇ်ရေလက်ကြားကို အီရန်စီမံမည်

နိုင်ငံတကာ၊ ဇွန် ၁၉ ၊ Horizons



အမေရိကန်နှင့် အီရန်တို့အကြား တင်းမာမှုများနှင့်ပတ်သက်၍ ဆွေးနွေးပွဲများကို ဆွစ်ဇာလန်နိုင်ငံ၌ ယနေ့ (သောကြာနေ့) တွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ် အနေဖြင့် သွားရောက်တော့မည် မဟုတ်ကြောင်းနှင့် ဆွေးနွေးပွဲကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။


သဘောတူညီချက်များကို အပြီးသတ်ရန် အမေရိကန်နှင့် အီရန်တို့သည် ရက်ပေါင်း (၆၀) အချိန်ယူ လုပ်ဆောင်လျက်ရှိပြီး အချက် (၁၄) ချက်ပါ သဘောတူညီချက်ကို အကောင်အထည်ဖော်ရန် နှစ်ဖက်တာဝန်ရှိသူများက လျှို့ဝှက်အဆိုပြုချက်များ ဖလှယ်နေကြကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။


ယင်းဆွေးနွေးပွဲများကို အဟန့်အတားဖြစ်စေသည့် အစ္စရေး၏ လက်ဘနွန်အပေါ် စစ်ရေးတိုက်ခိုက်မှုများကိုလည်း ဒုတိယသမ္မတ ဗန့်စ်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး အချို့သော တိုက်ခိုက်မှုများမှာ လုံးဝ လက်ခံနိုင်စရာမရှိကြောင်း ပြောကြားခဲ့သည်။


ထို့အပြင် ကမ္ဘာ့ရေနံကုန်သွယ်မှုအတွက် အဓိကအချက်အချာကျသော ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းသွားလာမှုများကို အီရန်နိုင်ငံက အသစ်ဖွဲ့စည်းလိုက်သော အာဏာပိုင်အဖွဲ့မှ စီမံခန့်ခွဲသွားမည်ဖြစ်ကြောင်း အီရန်အမျိုးသားလုံခြုံရေးကောင်စီက ပြောကြားလိုက်သည်။


အဆိုပါ ရေလက်ကြားကို ဖြတ်သန်းမည့် သင်္ဘောများကို လာမည့် ရက်ပေါင်း (၆၀) အတွင်း ဖြတ်သန်းခ ကောက်ခံမည်မဟုတ်ကြောင်း အီရန်က ဆိုသော်လည်း၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကမူ အဆိုပါရေလက်ကြားကို မည်သည့်ဖြတ်သန်းခမျှ ကောက်ခံခြင်းမရှိဘဲ ပြန်လည်ဖွင့်လှစ်ရမည်ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုထားသည်။


(​ ကိုးကား - CNN )



Comments


bottom of page