CRPH က ကုလသမဂ္ဂရုံးချုပ်မှာ နိုင်ငံတကာပါလီမန်များအဖွဲ့ - IPU ပွဲကို တက်ရောက်ပြီး မြန်မာပြည်သူ တွေကို ဆက်လက်ပံ့ပိုးကူညီဖို့ တိုက်တွန်း
- Horizons News

- 2 days ago
- 1 min read
ချင်းမိုင်၊ ဇူလိုင် ၁၆ ၊ Horizons

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့နယ်၊ ကုလသမဂ္ဂရုံးချုပ်မှာ နိုင်ငံတကာပါလီမန်များအဖွဲ့ - IPU ဆွေးနွေးပွဲကို တက်ရောက်ပြီး မြန်မာပြည်သူတွေကို ဆက်လက်ပံ့ပိုးကူညီပေးဖို့ တိုက်တွန်းတယ်လို့ Committee Representing Pyidaungsu Hluttaw – CRPH က မနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
CRPH က ဆွေးနွေးပွဲပထမပိုင်းမှာ စစ်အာဏာသိမ်းပြီးနှစ်တွေအတွင်း သန်းနဲ့ချီမြန်မာပြည်သူတွေ နေရပ်စွန့်ခွာ နေရတာ၊ လူနေအိမ်၊ စာသင်ကျောင်းတွေ နဲ့ ကျန်းမာရေးအဆောက်အအုံ၊ အများပြည်သူဆိုင်ရာ အဆောက်အအုံ တွေ ဖျက်ဆီးခံရပေမဲ့ မြန်မာပြည်သူတွေက ခိုင်မာသောကြံ့ခိုင်မှုကို ပြနေတယ်လို့ ထည့်သွင်းပြောဆိုခဲ့ကြပါ တယ်။
ငြိမ်းချမ်းပြီး အားလုံး ပါဝင်နိုင်တဲ့ ဒီမိုကရေစီအနာဂတ် တည်ဆောက်ရေးအတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စား ပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ အရပ်ဖက် အဖွဲ့အစည်းများနှင့် ဒေသခံအဖွဲ့အစည်းများတွေက ပါဝင်ဆောင်ရွက်နိုင်တယ်လို့လည်း တစ်ဆက်တည်း အသိ ပေးပြောဆိုခဲ့ပါတယ်။
အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုအတွက် အခြေခံအုတ်မြစ်များ ချမှတ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်း လာစေဖို့အတွက် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) မှတစ်ဆင့် သက်ဆိုင်သူတွေက ဆောင်ရွက်နေတယ်လို့ CRPH က ဆွေးနွေးပွဲပထမပိုင်းမှာ ပြောဆိုခဲ့ပါတယ်။
နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူတွေအတွက် ကြံ့ခိုင်ရေရှည်တည်တံနိုင်တဲ့အသိုက်အဝန်းတွေ တည်ဆောက်နိုင် ဖို့အတွက် ပံ့ပိုးကူညီပေးကြဖို့ CRPH က တိုက်တွန်းထားပါတယ်။
နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဌ ဒေါ်မြတ်သီတာထွန်းက ၂၀၂၁ ခုနှစ် မတိုင်မီက လွှတ်တော်အတွင်း ဥပဒေပြု ရေး၊ ဘတ်ဂျက်စိစစ်ကြီးကြပ်ရေးနှင့် ပြည်သူ့ထံ တာဝန်ခံမှုရှိစေရေးတို့မှတစ်ဆင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်များ (SDGs) ကို အကောင်အထည်ဖော်ရာတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်းမှုကြောင့် ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေး ပျက်ပြားခဲ့ပြီး ဖွံ့ဖြိုးတိုးတက် အောင်မြင်မှုတွေက အချိန်တိုလေးအတွင်းမှာ ဆုံးရှုံးသွားနိုင်တယ်ဆိုတဲ့အတွေ့အကြုံတွေက အသိပေးနေတယ်လို့ သူက ပြောဆိုခဲ့ပါတယ်။
လွှတ်တော်တွေက စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ (SDGs) အကောင်အထည်ဖော်မှုကို အရှိန်မြှင့်တင်ဖို့သာ မက ဒီမိုကရေစီအဆောက်အအုံတွေကိုပါ ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတယ်လို့ ထောက်ပြဆွေးနွေး ခဲ့ပါ တယ်။
အဲဒီညနေပိုင်းမှာ နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ၏ အထွေထွေအတွင်းရေးမှူးချုပ်နဲ့ မြန်မာလွှတ်တော် ကိုယ်စားလှယ်တွေက တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ၏ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေက မြန်မာပြည်သူတွေ ကိုယ်စားပြုပြီး တက်ရောက်သလို နိုင်ငံတကာပါလီမန်များအဖွဲ့ကလည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီကို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာ တရားဝင်ဆွေးနွေးဖက်လွှတ်တော်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပါတယ်။















Comments