top of page
Logo-Icon.png

ကနီမြို့နယ်ရှိ ပြည်သူ့အခြေပြုကျောင်းတစ်ကျောင်းတွင် (၇၉) နှစ်မြောက် အာဇာနည်နေ့အကြို ဟောပြောပွဲ ကျင်းပ

ကနီ ၊ ဇူလိုင် ၁၈ ၊ Horizons



စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်အတွင်းရှိ ပြည်သူ့အခြေပြုကျောင်းတစ်ကျောင်းတွင် ယနေ့ (ဇူလိုင်လ ၁၈ ရက်) ၌ (၇၉) နှစ်မြောက် အာဇာနည်နေ့အကြို အထိမ်းအမှတ် ဟောပြောပွဲတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ကြောင်း ကနီမြို့နယ် သပိတ်ဦးဆောင်ကော်မတီထံမှ သိရသည်။


အဆိုပါ အာဇာနည်နေ့အကြို ဟောပြောပွဲသို့ ကနီမြို့နယ် သပိတ်ဦးဆောင်ကော်မတီနှင့် အမျိုးသမီးမဟာမိတ်အင်အားစုတို့မှ ရဲဘော်၊ ရဲမေများက ဦးဆောင်၍ ပူးပေါင်းပါဝင် ဆင်နွှဲခဲ့ကြခြင်း ဖြစ်သည်။



မနက်ဖြန် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့၌လည်း တောင်းဆိုချက် (၃) ရပ် ပါဝင်သည့် လူထုလှုပ်ရှားမှုကြီးကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


 ထို့ပြင် ဇူလိုင်လ (၁၉) ရက်နေ့မှ (၂၃) ရက်နေ့အထိ “အတိတ်ကို ဂုဏ်ပြု ၊ အနာဂတ်ကို တည်ဆောက်” ဟူသော ခေါင်းစဉ်ဖြင့် (၅) ရက်တာ လူထုလှုပ်ရှားမှု ကမ်ပိန်းကိုလည်း သပိတ်အင်အားစုများက ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


(photo - GSCB )


Comments


bottom of page