top of page
Logo-Icon.png

HERA Foundation မှ ကျောင်းသား၊ ကျောင်းသူ ၃၂ ဦးအတွက် ပညာသင်စရိတ်များ အောင်မြင်စွာ ထောက်ပံ့ပေးအပ်

ဇူလိုင် ၁၂ ၊ Horizons



HERA Foundation ၏ ပညာသင်စရိတ် ထောက်ပံ့ခြင်းအစီအစဉ်မှတစ်ဆင့် ရွေးချယ်ခံထားရသော ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၂) ဦးအတွက် ပညာသင်စရိတ်များကို အောင်မြင်စွာ ပေးပို့ထောက်ပံ့နိုင်ခဲ့ပြီဖြစ်ကြောင်း အဆိုပါ ဖောင်ဒေးရှင်းထံမှ သိရသည်။



ထောက်ပံ့ကြေးရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများထံမှ ပြန်လည်ပေးပို့လာသော အမှတ်တရ ဓာတ်ပုံများနှင့် ကျေးဇူးတင်စကားများသည် ဖောင်ဒေးရှင်း၏ ရှေ့ဆက်မည့် လုပ်ငန်းစဉ်များအတွက် ခွန်အားတစ်ရပ် ဖြစ်စေခဲ့သည်။ "သူတို့ရဲ့ အပြုံးများနဲ့ ကျေးဇူးတင်စကားလေးများက HERA Foundation အတွက် အားအင်တစ်ခုဖြစ်သလို ရှေ့ဆက်လျှောက်လှမ်းမယ့် ခြေလှမ်းတိုင်းအတွက်လည်း အင်အားတစ်ရပ်ဖြစ်စေပါတယ်" ဟု ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပီတိစကား ပြောကြားသည်။


HERA Foundation အနေဖြင့် လူငယ်များ၏ ပညာရေးအခွင့်အလမ်းများ ပိုမိုကျယ်ပြန့်လာစေရန်နှင့် အမှန်တကယ် လိုအပ်နေသူများထံသို့ ဆက်လက်ရောက်ရှိနိုင်ရန် အစဉ်တစိုက် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။


ထို့ပြင် ယခုကဲ့သို့ အကျိုးရှိသော ပညာရေးထောက်ပံ့မှု ခြေလှမ်းများကို ဆက်လက်လှမ်းနိုင်ရန်အတွက် မိဘပြည်သူများနှင့် စေတနာရှင် မိတ်ဆွေများ၏ ပူးပေါင်းပါဝင်မှု၊ ပံ့ပိုးကူညီမှုတိုင်းသည် အလွန်တန်ဖိုးရှိလှသဖြင့် အနာဂတ်ပညာရေး မျှော်လင့်ချက်များကို အတူတကွ ပူးပေါင်းဖန်တီးပေးကြပါရန်လည်း ဖောင်ဒေးရှင်းက နွေးထွေးစွာ ဖိတ်ခေါ်နှိုးဆော်ထားသည်။


(ဓာတ်ပုံ - HERA Foundation)



Comments


bottom of page