PDF ဆေးတပ်ဖွဲ့က တော်လှန်ရေးရဲဘော်များနှင့် ပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း MOD ထုတ်ပြန်
- Horizons News

- 8 minutes ago
- 1 min read
ရန်ကုန် ၊ ဇူလိုင် ၁၈ ၊ Horizons

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဆေးတပ်ဖွဲ့သည် ရှေ့တန်းရောက် တော်လှန်ရေးရဲဘော်များနှင့် ဒေသခံပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း ယမန်နေ့ (ဇူလိုင်လ ၁၇ ရက်) တွင် သတင်းထုတ်ပြန်ထားသည်။
လက်ရှိအချိန်တွင် PDF ဆေးတပ်ဖွဲ့အနေဖြင့် တိုင်းစစ်ဌာနများနှင့် ခရိုင်စစ်ဌာနများအလိုက် စနစ်တကျ ဖွဲ့စည်းကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်မပြတ် လည်ပတ်လုပ်ဆောင်နေခြင်း ဖြစ်သည်။
ဆေးဝါးလိုအပ်ချက်များနှင့် အရင်းအမြစ် အကန့်အသတ်များစွာ ကြုံတွေ့နေရသော်လည်း ဒေသအသီးသီးရှိ ပြည်သူ့တော်လှန်ရေးရဲဘော်များနှင့် ဒေသခံပြည်သူလူထု၏ ကျန်းမာရေးကို အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် နေ့စဉ်နှင့်အမျှ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နေရုံသာမက တော်လှန်ရေးနယ်မြေအတွင်း လိုအပ်လျက်ရှိသော ဆေးဖက်ဆိုင်ရာ လူစွမ်းအားအရင်းအမြစ်များကိုပါ စဉ်ဆက်မပြတ် လေ့ကျင့်သင်ကြား မွေးထုတ်ပေးလျက်ရှိကြောင်း MOD ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။













Comments