(၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို CRPH နှင့် NUG တို့ ပူးပေါင်း၍ တိုက်ရိုက်ထုတ်လွှင့်ပြသမည်
- Horizons News

- 10 minutes ago
- 1 min read
ရန်ကုန် ၊ ဇူလိုင် ၁၈ ၊ Horizons

မနက်ဖြန် ၂၀၂၆ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ပူးပေါင်း၍ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
အဆိုပါ အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ဇူလိုင်လ (၁၉) ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် စတင်ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
အခမ်းအနား ကျင်းပနေမှုများကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၏ လူမှုကွန်ရက်စာမျက်နှာ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူမှုကွန်ရက်စာမျက်နှာများအပြင် ပြည်သူ့ရင်ပြင်သတင်းတိုက် (PVTV) နှင့် အခြားသော မိတ်ဖက်သတင်းမီဒီယာများ၏ လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် တိုက်ရိုက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။
လတ်တလောတွင် အဆိုပါ အခမ်းအနား အစီအစဉ်များနှင့် ပတ်သက်၍ မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြိုတင်သတင်းထုတ်ပြန် အသိပေးထားခြင်း ဖြစ်သည်။



Comments