top of page
Logo-Icon.png

ကျောင်းကြိုပို့ဗန်ကားနှင့် ဆီဒန်ကား ထိပ်တိုက်တိုက်မိ၊ ကျေးရွာလူကြီးဟောင်းတစ်ဦး သေဆုံးပြီး ကျောင်းသားအပါအဝင် (၂) ဦး ဒဏ်ရာရ

ဖိဆနုလောက် ၊ ဇူလိုင် ၁၆ ၊ Horizons



ထိုင်းနိုင်ငံမြောက်ပိုင်း၊ ဖိဆနုလောက် (Phitsanulok) ခရိုင်တွင် ယနေ့ (ဇူလိုင်လ ၁၆ ရက်) နံနက်ပိုင်းက ကျောင်းကြိုပို့ဗန်ကားတစ်စီးနှင့် ဆီဒန်ကားတစ်စီးတို့ ထိပ်တိုက် မျက်နှာချင်းဆိုင် ပြင်းထန်စွာ တိုက်မိမှုကြောင့် လူတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည့် ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။


ဖြစ်စဉ်မှာ ဇူလိုင်လ ၁၆ ရက် နံနက် ၆ နာရီ ၃၀ မိနစ်အချိန်ခန့်က ဖိဆနုလောက်မြို့နယ်၊ ဘဉ်းဖရ (Bueng Phra) တိုက်နယ်ရှိ ဘဉ်းဖရ-ဝမ်နမ်ဆိုင်း လမ်းမပေါ်တွင် ငွေမှင်ရောင် Nissan Tiida ဆီဒန်ကားတစ်စီးနှင့် ကျောင်းသားများ တင်ဆောင်လာသည့် ဗန်ကားတစ်စီးတို့ အရှိန်ပြင်းစွာ မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြခြင်း ဖြစ်သည်။



အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆီဒန်ကားမောင်းနှင်သူမှာ အခင်းဖြစ်ပွားရာနေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။ 


သေဆုံးသူမှာ အသက် (၆၁) နှစ်အရွယ် မစ္စတာ ထနွမ်း ထပ်ထင်းဆိုသူဖြစ်ပြီး မယ်ရက္ကာတိုက်နယ်၊ အကွက် (၆) ၏ ကျေးရွာလူကြီးဟောင်း (အုပ်ချုပ်ရေးမှူးဟောင်း) တစ်ဦးဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးချက်များအရ သိရသည်။ 


ထို့အပြင် ဗန်ကားပေါ်တွင် ပါလာသည့် ကျောင်းသားများနှင့် ဗန်ကားမောင်းသူ အပါအဝင် နောက်ထပ် လူ (၂) ဦးလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။


ယာဉ်တိုက်မှု ဖြစ်ပွားပြီးနောက် ဆနုလောက်မြို့မရဲစခန်းမှ စုံစမ်းစစ်ဆေးရေးအရာရှိများ၊ ကယ်ဆယ်ရေးအဖွဲ့များနှင့် နရေစွမ်တက္ကသိုလ်ဆေးရုံမှ တာဝန်ကျဆရာဝန်များ အခင်းဖြစ်ပွားရာနေရာသို့ ချက်ချင်း သွားရောက်စစ်ဆေးခဲ့ကြသည်။ 


ကယ်ဆယ်ရေးအဖွဲ့များက ကားအတွင်း ညပ်နေသည့် သေဆုံးသူ ကျေးရွာလူကြီးဟောင်း၏ ရုပ်အလောင်းကို ဆွဲထုတ်ကာ နရေစွမ်တက္ကသိုလ်ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာရရှိသူများကိုလည်း ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ကုသပေးထားကြောင်း သိရှိရသည်။


Comments


bottom of page