top of page
Logo-Icon.png

ကော့သောင်းမြို့နယ်မှာ  ပလကဖတပ်ဖွဲ့ဝင်တစ်ဦးက ဇနီးဖြစ်သူနဲ့အတူ အလင်းဝင်

ကော့သောင်း၊ ဇူလိုင် ၁၁ ၊ Horizons



တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ပြည်သူလုံခြုံရေး နဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့(ပလကဖ) တပ်ဖွဲ့ဝင်က ဇနီးနဲ့အတူ  အလင်းဝင်လာတယ်လို့ ကော့သောင်းပကဖက အသိပေးပါတယ်။


ပလကဖတပ်ဖွဲ့ဝင်ကိုအောင်နိုင်ဝင်းက ကော့သောင်းမြို့နယ်၊ ပိတောက်ရွှေဝါ(ရွှေမင်းဝံ)ရပ်ကွက်မှာ နေထိုင်တာ ဖြစ်ပြီး ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂၀ အတွက်  အုပ်ချုပ်ရေးမှူးအဖွဲ့က  အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်တာလို့ ကော့သောင်းပကဖထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။


ဘာသာခြားဖြစ်နေတဲ့ ကိုအောင်နိုင်ဝင်းကိုတော့ ကော့သောင်းမြို့နယ်၊ အေးရိပ်ငြိမ် ရပ်ကွက် (ရန်ကြီး အောင်)ဘောလုံးကွင်းမှာ အကြမ်းဖက်စစ်တပ်က တာဝန်ချပေးခဲ့တာ ဖြစ်ပါတယ်။


အကြမ်းဖက်စစ်တပ်က ပြည်သူတွေအပေါ် ယုတ်မာတာ၊ ပြည်သူ့စစ်တွေကို WY စိတ်ကြွမူးယစ်ဆေးဝါး တွေ သုံးစွဲပြီး ရှေ့တန်းပို့ဆောင်တာတွေကို တွေ့မြင်ရတဲ့အတွက် ကိုအောင်နိုင်ဝင်းက ဇနီးသည်နဲ့အတူ ကော့သောင်းပကဖဆီ ခိုလှုံတာ ဖြစ်ပါတယ်။


ကိုအောင်နိုင်ဝင်းက  တော်လှန်ရေးတပ်တွေနဲ့ပူးပေါင်းပြီး အကြမ်းဖက်စစ်တပ်ကို လက်နက်ကိုင်ပြန်ခုခံ တိုက်ခိုက်မယ်လို့ ကော့သောင်းပကဖက ဆိုပါတယ်။


ပြည်သူ့ပန်းတိုင်ရဲ့ ထုတ်ပြန်ချက်အရ  ၂၀၂၅ ဇန််နဝါရီလ မှ၂၀၂၆ ခုနှစ် ဇွန်အထိ  အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချစစ်သုံ့ပန်းအရေအတွက်က ၃,၆၇၈ ဦးအထိ ရှိတယ်လို့ သိရပါတယ်။



Comments


bottom of page