ကော့သောင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်သတင်းပေးက ထွက်ပြေးလို့ ပစ်ခတ်ရာမှာ သေဆုံး
- Horizons News

- 7 days ago
- 1 min read
ကော့သောင်း၊ ဇူလိုင် ၁၁ ၊ Horizons

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့(၁-၂) ဇုန်က ဦးအေးမင်းလတ်က ဖမ်းဆီးရာမှာ သေဆုံး ခဲ့အဖွဲတယ်လို့ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ကော့သောင်းပကဖထုတ်ပြန်ချက်မှာတော့ ဦးအေးမင်းလတ်က ရဲတပ်ဖွဲ့ဟောင်း ဖြစ်တယ်လို့ အသိပေးပါတယ်။
ဦးအေးမင်းလတ်က အကြမ်းဖက်စစ်တပ်ဆီ ပြည်သူတွေကို PDF လို့ စွပ်စွဲပြီး ဖမ်းဆီးသတ်ဖြတ်ခိုင်းတာ၊ အသက် ၁၂ နှစ်အရွယ်ကလေးငယ်ကို အတင်းအဓမ္မပြုကျင့်တာတွေ လုပ်ဆောင်ခဲ့လို့ ဖမ်းဆီးရတာလို့ ကော့ သောင်းပကဖက အသိပေးပါတယ်။ (ဒီအခြေအနေနဲ့ပတ်သက်ပြီး Horizons News အနေနဲ့ သီးခြား အတည် မပြုနိုင်သေးပါဘူး။)
ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့မှ ပကဖရဲဘော်တွေက ဦးအေးမင်းလတ်ကို ဖမ်းဆီးခေါ်ဆောင်တဲ့လမ်းတစ်နေရာမှာ သူက ထွက်ပြေးခဲ့တဲ့အတွက် လိုက်လံပစ် ခတ်ရင်း ကျည်ထိမှန် သေဆုံးခဲ့ရတယ်လို့ ကော့သောင်း ပကဖက ထုတ်ပြန်ပါတယ်။
ကော့သောင်းပကဖကတော့ အကြမ်းဖက်စစ်တပ်နဲ့ အပေါင်းအပါတွေကို လုပ်ထုံးလုပ့်နည်းအတိုင်း အရှိန်မြှင့် လုပ်ဆောင်မှာ ဖြစ်လို့ ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိကြဖို့ အသိပေးထားပါတယ်။



Comments