top of page
Logo-Icon.png

ကနီမြို့နယ်တွင် (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို တော်လှန်ရေးအင်အားစုများ ပူးပေါင်းကျင်းပ



ကနီ ၊ ဇူလိုင် ၁၉ ၊ Horizons


စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်တွင် ယနေ့ (ဇူလိုင်လ ၁၉ ရက်) ၌ ကျရောက်သည့် (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားတစ်ရပ်ကို ဒေသတွင်း တော်လှန်ရေးအင်အားစုများ ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။



အဆိုပါ အခမ်းအနားကို ကနီမြို့နယ် သပိတ်ဦးဆောင်ကော်မတီ၊ အမျိုးသမီးမဟာမိတ်အင်အားစု (WAB) - ကနီမြို့နယ် အမျိုးသမီးသပိတ်ရဲဘော်များ၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) အဖွဲ့ဝင်များနှင့် KPDF တပ်ရင်းတပ်ဖွဲ့များ ပူးပေါင်းကာ ကျင်းပခဲ့ခြင်း ဖြစ်သည်။


အခမ်းအနားတွင် ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ကြသော ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်သူရဲကောင်းအပေါင်းအား အောက်မေ့တသသောအားဖြင့် (၁) မိနစ်ခန့် ငြိမ်သက်အလေးပြုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။


 ထို့ပြင် အာဇာနည် (၉) ဦးနှင့်တကွ နွေဦးတော်လှန်ရေးကာလအတွင်း ကနီမြို့နယ် တိုက်ပွဲများ၌ မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ကြသော အာဇာနည်သူရဲကောင်းအပေါင်းအား လွမ်းသူ့ပန်းခွေများချကာ ဂုဏ်ပြုဦးညွှတ်ခဲ့ကြကြောင်း သိရသည်။


ယင်းနောက် KPDF ရဲဘော်များက ဝမ်းနည်းကြောင်း သဝဏ်လွှာ ဖတ်ကြားခြင်း၊ သစ္စာအဓိဋ္ဌာန်ပြုခြင်းနှင့် စစ်ရေးပြ အလေးပြုခြင်းတို့ကို ဆောင်ရွက်ကာ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြသည်။



#ကနီမြို့နယ် #အာဇာနည်နေ့ #WAB #အာဇာနည်တိုင်းသမိုင်းမသေ #အတိတ်ကိုဂုဏ်ပြု_အနာဂတ်ကိုတည်ဆောက် #HorizonsNews

 
 
 

Comments


bottom of page