top of page
Logo-Icon.png

မန္တလေး၊ ချမ်းမြသာစည်မြို့နယ်ရှိ "မီလျံနာ" ရွှေဆိုင်တွင် သေနတ်ပစ်ဖောက် ဓားပြတိုက်ခံရ

မန္တလေး ၊ ဇူလိုင် ၂၀ ၊ Horizons



မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ "မီလျံနာ" ရွှေဆိုင်တွင် ယနေ့ ဇူလိုင်လ (၂၀) ရက် ညနေပိုင်းက သေနတ်ပစ်ဖောက်၍ ရွှေထည်ပစ္စည်းများ လုယက်ယူဆောင်သွားသည့် ဓားပြတိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့် သက်ဆိုင်ရာ သတင်းရင်းမြစ်များထံမှ သိရသည်။



ဖြစ်စဉ်မှာ ယနေ့ ညနေ (၃) နာရီခွဲခန့်တွင် ချမ်းမြသာစည်မြို့နယ်၊ ၁၁၀ လမ်း၊ ၆၂ လမ်းနှင့် ၆၃ လမ်းကြားရှိ အဆိုပါ ရွှေဆိုင်ရှေ့သို့ အမျိုးသား (၆) ဦးသည် ဆိုင်ကယ် (၃) စီးဖြင့် ရောက်ရှိလာခဲ့ကြသည်။ ထို့နောက် သေနတ်တစ်ချက် ပစ်ဖောက်ကာ ဆိုင်အတွင်းသို့ ဝင်ရောက် ဓားပြတိုက်ခဲ့ကြခြင်း ဖြစ်သည်။


အဆိုပါ ဓားပြအဖွဲ့သည် ဆိုင်အတွင်းရှိ ရွှေထည်ပစ္စည်းများကို လုယက်ယူဆောင်ပြီးနောက် အခင်းဖြစ်နေရာမှ ဆိုင်ကယ်များဖြင့် ချက်ချင်း ထွက်ပြေးလွတ်မြောက်သွားခဲ့ကြသည်။


 ယင်းဖြစ်စဉ်ကြောင့် ပါသွားသည့် ရွှေထည်ပစ္စည်း အရေအတွက်နှင့် စုစုပေါင်း တန်ဖိုးပမာဏကိုမူ အတိအကျ မသိရသေးပေ။ ဆိုင်ဝန်ထမ်းများနှင့် အရပ်သားများ ထိခိုက်ဒဏ်ရာရရှိမှု ရှိ၊ မရှိကိုလည်း လက်ရှိအချိန်အထိ အတည်မပြုနိုင်သေးပါ။


လက်ရှိအချိန်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများက အဆိုပါ ဓားပြတိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ် စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း သိရှိရသည်။

Comments


bottom of page