ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်း ၆၄ သင်းအထိ ထပ်မံတိုးချဲ့ရေး ၂၀၂၆ ကမ္ဘာ့ဖလားအပြီးတွင် ဆွေးနွေးမည်ဟု ဖီဖာဥက္ကဋ္ဌ အတည်ပြု
- Horizons News

- Jul 13
- 1 min read
ရန်ကုန် ၊ ဇူလိုင် ၁၃ ၊ Horizons

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌ ဂျီယာနီ အင်ဖန်တီနို က ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်းပေါင်း ၆၄ သင်းအထိ ထပ်မံတိုးချဲ့ ကျင်းပသွားရေးကိစ္စရပ်အား လက်ရှိ ကျင်းပနေသည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးပါက မဖြစ်မနေ ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း အတည်ပြု ပြောကြားလိုက်သည်။
လက်ရှိ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရ အသင်းအရေအတွက်ကို ၄၈ သင်းအထိ တိုးချဲ့ကျင်းပခဲ့မှုမှာ အောင်မြင်မှုရရှိခဲ့သည်။ ထို့ကြောင့် လာမည့် နှစ် ၁၀၀ ပြည့်အဖြစ် ကျင်းပမည့် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသင်း ၆၄ သင်းအထိ ထပ်မံတိုးချဲ့ရန် တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်က အဆိုပြုထားမှုအပေါ် ဖီဖာအနေဖြင့် ဆက်လက်ညှိနှိုင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
အကယ်၍ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်း ၆၄ သင်းအထိ ဖြစ်လာခဲ့ပါက ပြိုင်ပွဲတစ်လျှောက် စုစုပေါင်း ပွဲစဉ်အရေအတွက်မှာ ၁၂၈ ပွဲအထိ ရှိလာမည်ဖြစ်သည်။ ယခုကဲ့သို့ အသင်းအရေအတွက် တိုးချဲ့ရန် စဉ်းစားရခြင်းမှာ နိုင်ငံငယ်လေးများအနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရန် အိပ်မက်မက်နိုင်စေရေးနှင့် ကမ္ဘာ့ဘောလုံးလောက၏ အရည်အသွေး ပိုမိုတိုးတက်လာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဖီဖာဥက္ကဋ္ဌက ရှင်းလင်းပြောဆိုထားသည်။



Comments