top of page
Logo-Icon.png

ကလေးမြို့တွင် စစ်ကောင်စီနှင့် ပျူစောထီးများ ပေါ်တာဆွဲရန် စမ်းမြို့ဘုန်းကြီးကျောင်းအနီး စုဝေးနေသဖြင့် ပြည်သူများ သတိပြုသွားလာရန် နှိုးဆော်

ကလေး ၊ ဇူလိုင် ၁၈ ၊ Horizons



စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ပေါ်ရှိ စမ်းမြို့ဘုန်းကြီးကျောင်းရှေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးပူးပေါင်းအဖွဲ့များ စုဝေးနေရာယူထားသဖြင့် ဒေသခံပြည်သူများအနေဖြင့် အဆိုပါလမ်းပိုင်းကို အထူးသတိပြု ရှောင်ကွင်းသွားလာကြရန် သိရသည်။


ယနေ့ (ဇူလိုင်လ ၁၈ ရက်) မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်မှစတင်ကာ စမ်းမြို့ဘုန်းကြီးကျောင်းရှေ့တွင် စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့များ အင်အားအလုံးအရင်းဖြင့် ရောက်ရှိနေရာယူထားခြင်း ဖြစ်သည်။


အဆိုပါအခြေအနေနှင့်ပတ်သက်၍ ဒေသခံတစ်ဦးက ယခုလို ပြောဆိုသည်။

"သူတို့ စုပြီးနေရာယူထားတာတွေ့တော့ လမ်းသွားလမ်းလာတွေ တော်တော်လန့်နေကြတယ်။ ပေါ်တာဆွဲဖို့ ပြင်နေတာလား မသိဘူး။ တတ်နိုင်ရင်တော့ အဲဒီနားကို မသွားကြတာ အကောင်းဆုံးပဲ”


အလားတူ ယနေ့နံနက် ၁၀ နာရီဝန်းကျင်ခန့်ကလည်း ကလေးမြို့ရှိ မင်းကြီးဟိုတယ်အရှေ့တွင် စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းအဖွဲ့များက လမ်းသွားလမ်းလာ ပြည်သူများကို ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။


လတ်တလောတွင် အဆိုပါပူးပေါင်းအဖွဲ့များသည် ပြည်သူများကို ဖမ်းဆီး၍ ပေါ်တာဆွဲရန် ပြင်ဆင်နေကြောင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။ 


သို့ဖြစ်ပါ၍ ကလေးမြို့အခြေစိုက် မိဘပြည်သူများအနေဖြင့် မိမိတို့၏ ဘေးကင်းလုံခြုံရေးအတွက် ၎င်းတို့ တပ်စွဲ စုဝေးရာ တည်နေရာများနှင့် လမ်းပိုင်းများကို မြေပြင်သတင်းများ နားစွင့်ကာ အထူးသတိပြု ရှောင်ကွင်းသွားလာကြပါရန် အချင်းချင်း နှိုးဆော်ထားကြသည်။


Comments


bottom of page