အာရက္ခတပ်တော်က အကြမ်းဖက်စစ်ကော်မရှင်တပ်ကို တုံ့ပြန်ဆောင်ရွက်မယ်လို့ အသိပေး
- Horizons News

- 18 hours ago
- 1 min read
ရခိုင်၊ ဇူလိုင် ၂၀ ၊ Horizons

အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ မအီ၊ သံတွဲနဲ့ ပုဏ္ဏားကျွန်းမြို့တွေ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် မှာ အကြမ်းဖက်စစ်တပ်ရဲ့ ရက် ၁၀၀ အတွင်း ငြိမ်းချမ်းရေးဖိတ်ခေါ်သံနဲ့ တွေ့ဆုံဆွေးနွေးမှုအတွက် အပြောနဲ့ အလုပ် ထပ်တူမကျတဲ့အတွက် တုံ့ပြန်ဆောင်ရွက်မယ်လို့ အာရက္ခတပ်တော်က မနေ့ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။
အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့အတွက် ငြိမ်းချမ်းရေး ဖိတ်ခေါ် သံ တွေက အပြောနဲ့ အလုပ် ထပ်တူကျမှု မရှိတဲ့အပေါ် မေးခွန်းထုတ်စရာရှိတာ အထင်အရှားပဲလို့ အာရက္ခတပ်တော် က ပြောလိုက်ပါတယ်။
ရက္ခိုင်အမျိုးသားအဖွဲချုပ်/အာရက္ခတပ်တော် (ULA/AA) ကတော့ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်ရဲ့့ ထိုးစစ်တိုင်းကို အာရက္ခပြည်သူတစ်ရပ်လုံးနှင့်သာမက ယုံကြည်လေးစား အားကိုးတန်ဖိုးထားသော အဖွဲအစည်း များ၊ လူပုဂ္ဂိုလ်များ၊ နယ်မြေချင်းထိစပ်နေသော မိတ်ဖက်အဖွဲအစည်းများနှင့် အတူတကွ လက်တွဲကာ တုံပြန်ဆောင်ရွက်သွားမှာလို့ မနေ့ညပိုင်းက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်" (Myanmar National Democratic Alliance Army ကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်မတက်ကိုတော့ မသိရသေးဘူးလို့ ကိုးကန့်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေ က ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးလို့ စတင်အမည်ပေးပြီး အကြမ်းဖက်စစ်တပ်ကို ထိုးစစ်ဆင်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့ ထဲက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - TNLA ကတော့ မနေ့(ဇူလိုင် ၁၉) မှာ နေပြည်တော်မှာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
အာရက္ခတပ်တော်က ရခိုင်ပြည်နယ်ထဲက မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ သံတွဲ၊ တောင်ကုတ်၊ အမ်း၊ ဂွ ကို ထိန်းချုပ်ထားပြီး ချင်းပြည်နယ်ထဲက ပလက်ဝ မြို့ကို ထိန်းချုပ်ထားပါတယ်။
ဒါအပြင် ရခိုင် - မကွေးအစပ်၊ ရခိုင် - ပဲခူးအစပ် နဲ ရခိုင် - ဧရာဝတီအစပ်က ဒေသတစ်ချို့မှာ မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းပြီး အာရက္ခတပ်တော်က အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်လျက် ရှိပါတယ်။



Comments