top of page
Logo-Icon.png

ကလေးမြို့နယ်တောင်ဘက်ကို စစ်ကောင်စီတပ်က Mi-35P တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်

ကလေး ၊ ဇူလိုင် ၁၅ ၊ Horizons



စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တောင်ဘက်ရှိ နေရာတစ်နေရာသို့ စစ်ကောင်စီတပ်က ယနေ့ (ဇူလိုင်လ ၁၅ ရက်) နံနက်ပိုင်းတွင် တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း မြေပြင်သတင်းထုတ်ပြန်ချက်များအရ သိရသည်။


ကလေးမြို့လေဆိပ်မှ ပျံသန်းတက်လာသည့် စစ်ကောင်စီ၏ Mi-35P တိုက်ခိုက်ရေးရဟတ်ယာဉ်သည် ယနေ့နံနက်ပိုင်းတွင် ကလေးမြို့နယ်တောင်ဘက်သို့ ဦးတည်ပျံသန်းကာ နံနက် (၇:၁၉) နာရီတွင် တစ်ကြိမ်၊ (၇:၂၀) နာရီတွင် တစ်ကြိမ်၊ (၇:၂၂) နာရီတွင် တစ်ကြိမ်၊ (၇:၂၃) နာရီတွင် တစ်ကြိမ်၊ (၇:၂၆) နာရီတွင် တစ်ကြိမ်နှင့် (၇:၃၀) နာရီတွင် တစ်ကြိမ် အသီးသီး ဗုံးကြဲပစ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။


အဆိုပါ Mi-35P တိုက်ခိုက်ရေးရဟတ်ယာဉ်သည် မိနစ်ပိုင်းအကွာအဝေးမျှသာခြား၍ လေကြောင်းတိုက်ခိုက်မှု (၆) ကြိမ်ထက်မနည်းကို ခပ်စိပ်စိပ် ဆက်တိုက်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ လတ်တလောတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မြေပြင်ရှိ အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေ အသေးစိတ်ကိုမူ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။



Comments


bottom of page