top of page
Logo-Icon.png

ချောက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်း ထွက်သွားပေမဲ့ လေကြောင်း ဗုံးကြဲလို့ အရပ်သားတစ်ဦး သေဆုံး

မကွေး၊ ဇူလိုင် ၁၄ ၊ Horizons

 


မကွေးတိုင်း၊ ချောက်မြို့နယ်ထဲက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးပြီး ဒေသခံတွေကို သတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက်စစ် တပ်စစ်ကြောင်းက ထွက်သွားပေမဲ့ လေကြောင်းတိုက်ခိုက်ခဲ့လို့ ကံသစ်ကုန်းကျေးရွာက အရပ်သားတစ်ဦး သေဆုံးတယ်လို့ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

 

ချောက်မြို့နယ်ထဲက ဆူးတောရွာ၊ ညောင်ဇင်၊ စမ်းစုစတဲ့ကျေးရွာတွေကို စစ်ကြောင်းထိုးခဲ့ တဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းက  မနေ့(ဇူလိုင် ၁၃) မှာ စလေမြို့က ခလရ ၄၁၆ ကို ပြန်ဝင်ရောက်သွားပြီလို့ ဒေသတွင်းသတင်းရင်းမြစ်က ပြောပါတယ်။

 

အကြမ်းဖက်စစ်တပ်လက်အောက်ခံ ညောင်ဦးလေတပ်က MI – 35 တိုက်ခိုက်ရေးရဟတ်ယာဉ်က  တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ချောက်မြို့နယ်၊ ကံသစ်ကုန်းကျေးရွာကို စက်သေနတ်နဲ့ပစ်ခတ်တဲ့တွက်  ၆၀ အရွယ် အမျိုးသားတစ်ဦးက သေဆုံးပြီး အမျိုးသမီးတစ်ဦး နဲ့ အမျိုးသားတစ်ဦးက ထိခိုက်ခဲ့ပါတယ်။

 

Wai Hin (ကင်းထောက်ချန်နယ်) က ချောက်မြို့လေကြောင်းတိုက်ခိုက်ခံရမှုက ရှိခဲ့တယ်လို့ မနေ့က ဖော်ပြထားပါတယ်။

 

အကြမ်းဖက်စစ်တပ်စစ်ကြောင်းက ပြီးခဲ့တဲ့ဇွန်လမကုန်ခင်က ချောက်မြို့နယ်ကို စစ်ကြောင်းထိုးခဲ့ပြီး ညောင် ချောင်း၊ လေးပင်ကုန်း၊ ဆူးတောနဲ့ ညောင်ဇင်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

 

၂၀၂၆ ခုနှစ် ဧပြီလမှဇွန်လအတွင်း လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း(၅၂၀)ကြိမ်ရှိခဲ့တယ်လို့ မြန်မာအင်တာနက်ပရောဂျက်(MIP)က  မနေ့က အသိပေးပါတယ်။

 

UNOCHA Myanmar ရဲ့ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာသူ ၃.၆ ကျော်အပါအဝင် လူဦးရေ ၁၆ သန်းကျော်က အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။


( ပုံ - လေးပင်ကုန်းရွာ မီးလောင်ပြီး မြင်ကွင်း )


Comments


bottom of page