ချင်းတွင်းမြစ်ထဲက အကြမ်းဖက်စစ်တပ် ရေယာဉ်တန်းက ကလေးဝမြို့နယ်ကနေ ဆက်လက်ထွက်ခွာ
- Horizons News

- 5 days ago
- 1 min read
စစ်ကိုင်း၊ ဇူလိုင် ၁၃ ၊ Horizons

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်ကနေ မော်လိုက်မြို့နယ်ကို အကြမ်းဖက်စစ်တပ်လက်အောက်ခံ စစ်ရေယာဉ် တန်းက ဆက်လက်ထွက်ခွာနေပြီး လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တစ် ဦးက Horizons News ကို ပြောပါတယ်။
မနေ့က ကလေးဝမြို့ကို ဆိုက်ကပ်ခဲ့တဲ့ အကြမ်းဖက်စစ်တပ် စစ်ရေယာဉ်တန်းက ပြန်လည်ထူထောင်ရေးအတွက် ကုန်ပစ္စည်းတွေ ချခဲ့တယ်လို့ အဲဒီအခြေအနေကို သိတဲ့ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။
“ တာယာတွေ၊ အခြားကုန်ပစ္စည်းတွေ ဆီတွေ လေယာဉ်ဆီအပါ ကားဆီ အဆုံး ဆောက်လုပ်ရေးပစ္စည်းတွေရော
ပြန်လည်ထူထောင်ရေးအတွက်သုံးမယ့်ဟာတွေအကုန်ပါတယ်၊ ဆေးတွေ ကျောင်းတွေအတွက် လိုအပ်တာတွေ ပါတယ်၊ အခု MI35 လာနေပြီ”
ချင်းတွင်းမြစ်အတိုင်း ဆန်တက်နေတဲ့အကြမ်းဖက်စစ်တပ် ရေယာဉ်တန်းက ဒီနေ့မနက်မှာတော့ ကလေးဝမြို့နယ် ကနေ မော်လိုက်မြို့နယ်ကို ဆက်လက်သွားနေတာ ဖြစ်ပါတယ်။
ချင်းတွင်းရေပြင်ကတော့ ကလေးဝမြို့ဆိပ်ကမ်း မှ ရပ်ခဲ့တဲ့အကြမ်းဖက်စစ်တပ်ရေယာဉ်တန်းက ကလေးဝ မြို့ နယ်၊ ဆင်ခေါင်းကျေးရွာအနီးကို ရောက်ရှိနေပြီလို့ ဖော်ပြပါတယ်။
ဒေသခံတော်လှန်ရေးအင်အားစုတွေက ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာနေပြည်သူတွေအနေနဲ့ လေကြောင်းရန်၊ လက်နက်ကြီးရန်ကနေ သတိထားကြဖို့ နှိုးဆော်ထားကြပါတယ်။
Photo = ချင်းတွင်းမြစ်ထဲက အကြမ်းဖက်စစ်တပ် စစ်သင်္ဘောတစ်စီး



Comments