top of page
Logo-Icon.png

ငြိမ်းချမ်းရေးသဘောတူညီချက် မကြေညာမီ နာရီပိုင်းအလိုတွင် အီရန်လက်ရွေးစင်အသင်း အမေရိကန်သို့ ရောက်ရှိ

လော့စ်အိန်ဂျလိစ်၊ ဇွန် ၁၅ ၊ Horizons


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိကြောင်း မကြေညာမီ နာရီပိုင်းအလို တနင်္ဂနွေနေ့က အီရန် အမျိုးသားဘောလုံးအသင်းသည် ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ် ကစားရန် အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့သို့ ရောက်ရှိလာခဲ့သည်။ 


ယင်းသည် ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် အိမ်ရှင်နိုင်ငံနှင့် ပြိုင်ပွဲဝင်နိုင်ငံအကြား စစ်မက်ဖြစ်ပွားနေချိန်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ပထမဆုံးအကြိမ်လည်း ဖြစ်သည်။


အမေရိကန်အာဏာပိုင်များ၏ ကန့်သတ်ချက်များကြောင့် အီရန်အသင်းသည် မက္ကဆီကိုနိုင်ငံတွင် လေ့ကျင့်ရေးစခန်းချထားရပြီး ပွဲကစားရန်အတွက်သာ အမေရိကန်သို့ ဝင်ထွက်သွားလာရမည်ဖြစ်သည်။


 ဗီဇာကြန့်ကြာမှုများနှင့် ခရီးသွားလာခွင့် ကန့်သတ်ချက်များက အသင်းအပေါ် ဆိုးရွားစွာ ထိခိုက်စေခဲ့သော်လည်း ဘောလုံးအားကစားမှတစ်ဆင့် နိုင်ငံများအကြား ပိုမိုရင်းနှီးချစ်ကြည်လာစေရန် မျှော်လင့်ကြောင်း နည်းပြ ဂါလီနိုအီ (Amir Ghalenoei) က ပြောကြားခဲ့သည်။


အီရန်အသင်းသည် ယနေ့ (တနင်္လာနေ့) တွင် နယူးဇီလန်အသင်းနှင့် စတင်ယှဉ်ပြိုင်မည်ဖြစ်ပြီး တိုက်စစ်မှူး မယ်ဒီတာရီမီ (Mehdi Taremi) က ပြည်တွင်း၊ ပြည်ပရှိ အီရန်ပြည်သူအားလုံး ညီညွတ်စေရန်အတွက် ကစားသွားမည်ဟု ဆိုသည်။ 


သို့သော် အမေရိကန်ရောက် အီရန်လူမျိုးအချို့ကမူ အီရန်အစိုးရ၏ နိုင်ငံရေးလွှမ်းမိုးမှုများကြောင့် ပြိုင်ပွဲကို သပိတ်မှောက်မည်ဟု ပြောဆိုထားပြီး အချို့ကမူ အမျိုးသားအသင်းကို ဆက်လက်အားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Comments


bottom of page