top of page
Logo-Icon.png

ရွှေတြိဂံဒေသရှိ ကျားဖြန့်ဂိုဏ်းကို လာအိုအာဏာပိုင်များ ဝင်ရောက်စီးနင်း၊ တရုတ်နိုင်ငံသား (၁၅၉) ဦး ဖမ်းဆီးခံရ

ဇွန် ၁၅ ၊ Horizons



လာအိုနိုင်ငံအတွင်း အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) နှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများကို လာအိုအာဏာပိုင်များက စီမံချက်ဖြင့် အထူးနှိမ်နင်းလျက်ရှိရာ ဘိုကမ်ခရိုင်၊ ရွှေတြိဂံဒေသတွင် အဆိုပါလုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (၁၅၉) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။


ယခုဖမ်းဆီးရမိမှုသည် ပြီးခဲ့သည့် ဇွန်လ (၁၁) ရက်နေ့က မြန်မာနိုင်ငံ တာချီလိတ်မြို့နယ်နှင့် ထိုင်းနိုင်ငံ ကျိုင်းဆန်မြို့နယ်တို့နှင့် နယ်စပ်ချင်း ထိစပ်နေသည့် လာအိုနိုင်ငံ၊ ဘိုကမ်ခရိုင်၊ တုံဖင်းမြို့နယ်၊ မုံခမ်းရွာရှိ အဆောက်အအုံတစ်ခုကို လာအိုအာဏာပိုင်များ ဝင်ရောက်စီးနင်းခဲ့ရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။



အာဏာပိုင်များ ဝင်ရောက်စီးနင်းခဲ့သည့် အဆိုပါအဆောက်အအုံမှာ သံတိုင်များဖြင့် လုံခြုံရေးတင်းကျပ်စွာ ကာရံထားသော ဂိုဒေါင်ကြီးတစ်ခုဖြစ်ပြီး၊ ၎င်းအတွင်းမှ အွန်လိုင်းလောင်းကစားနှင့် ငွေလိမ်လည်မှုလုပ်ငန်းများတွင် အသုံးပြုသည့် ကွန်ပျူတာများ၊ အင်တာနက်ဆက်သွယ်ရေး ကိရိယာများနှင့် လုပ်ငန်းသုံး စားပွဲ၊ ထိုင်ခုံများကို သက်သေခံပစ္စည်းအဖြစ် တစ်ပါတည်း သိမ်းဆည်းရမိခဲ့သည်။


လက်ရှိတွင် ဖမ်းဆီးရမိထားသူများကို လာအိုအာဏာပိုင်များက ဆက်လက်စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက်ရှိပြီး အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထပ်မံထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ဘိုကမ်ခရိုင်အာဏာပိုင်များက အသိပေးထားသည်။



Comments


bottom of page