top of page
Logo-Icon.png

အဆိုတော် Oliver Tree နှင့် YouTuber Gaspi တို့ ရဟတ်ယာဉ်ပျက်ကျပြီး ကွယ်လွန်ကြောင်း သတင်းများထွက်ပေါ်

ဇွန် ၁၅ ၊ Horizons



အမေရိကန် နာမည်ကြီးအဆိုတော် အိုလီဗာထရီး (Oliver Tree) နှင့် အာဂျင်တီးနားနိုင်ငံသား YouTuber တစ်ဦးဖြစ်သူ ဂက်စပီ (Gaspi - Gaspar Prim) တို့သည် ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေးရိုးမြို့တွင် ဖြစ်ပွားခဲ့သော ရဟတ်ယာဉ်နှစ်စီး ဝေဟင်၌ တိုက်မိသည့် မတော်တဆမှုအတွင်း ကွယ်လွန်သွားခဲ့ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။


အဆိုတော် အိုလီဗာထရီးသည် ၎င်း၏ ကမ္ဘာလှည့်ဖျော်ဖြေရေးခရီးစဉ်အဖြစ် ဘရာဇီးနိုင်ငံသို့ ရောက်ရှိနေစဉ် ယခုကဲ့သို့ ဝေဟင်၌ ရဟတ်ယာဉ်နှစ်စီး မတော်တဆ တိုက်မိသည့် ဖြစ်ရပ်ဆိုးနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။ ယင်းရဟတ်ယာဉ်များအနက် တစ်စီးမှာ လျှပ်စစ်ကားအရောင်းပြခန်းဝင်းတစ်ခုအတွင်းသို့ ပျက်ကျခဲ့သဖြင့် ကားများပါ မီးကူးစက်လောင်ကျွမ်းခဲ့သည်။


အဆိုပါ မတော်တဆမှုကြောင့် အနုပညာရှင်နှစ်ဦးအပြင် ယာဉ်ပေါ်ပါလာသူများနှင့် ရဟတ်ယာဉ်မှူးများ အပါအဝင် စုစုပေါင်း လူ (၆) ဦး သေဆုံးခဲ့ရကြောင်း ဒေသခံအာဏာပိုင်များနှင့် နိုင်ငံတကာ သတင်းဌာနကြီးများက အတည်ပြုဖော်ပြထားကြသည်။


Comments


bottom of page