top of page
Logo-Icon.png

စစ်ကိုင်းတိုင်းရှိ မြို့နယ် (၃) ခုတွင် (၇၉) နှစ်မြောက် အာဇာနည်နေ့အကြို ကမ်ပိန်းနှင့် ပြိုင်ပွဲများ ကျင်းပ

စစ်ကိုင်း ၊ ဇူလိုင် ၁၈ ၊ Horizons



မနက်ဖြန် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဒီပဲယင်း၊ ယင်းမာပင်နှင့် တန့်ဆည်မြို့နယ်တို့တွင် အာဇာနည်နေ့အကြို လှုပ်ရှားမှုများကို မြို့နယ်အလိုက် အသီးသီး ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။


အဆိုပါ အာဇာနည်နေ့အကြို လှုပ်ရှားမှုများကို သက်ဆိုင်ရာ မြို့နယ်များ၏ CDM ကောင်စီများက ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများက တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့ကြသည်။



မြို့နယ်အလိုက် ပြုလုပ်ခဲ့သည့် အထိမ်းအမှတ် လှုပ်ရှားမှုများအဖြစ် ဒီပဲယင်းမြို့နယ် တွင် အာဇာနည်နေ့အကြို အသိပညာပေး ကမ်ပိန်းလှုပ်ရှားမှုများ ၊ ယင်းမာပင်မြို့နယ် တွင် အာဇာနည်နေ့အကြို ဟောပြောပွဲများနှင့် ပြိုင်ပွဲများ ၊ တန့်ဆည်မြို့နယ် တွင် အာဇာနည်နေ့အကြို အထိမ်းအမှတ် ပြိုင်ပွဲများကို အသီးသီး ကျင်းပပြုလုပ်ခဲ့ကြသည်။



ယခုကဲ့သို့ အာဇာနည်နေ့အကြို လှုပ်ရှားမှုများ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ မြို့နယ် CDM ကောင်စီ တာဝန်ရှိသူတစ်ဦးက ယခုလို ပြောကြားခဲ့သည်။


"အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ တိုင်းပြည်အတွက် အသက်ပေးဆပ်မှုတွေကို မျိုးဆက်သစ်လူငယ်တွေ လုံးဝမမေ့လျော့စေဖို့နဲ့ သူတို့ရဲ့ စိတ်ဓာတ်တွေကို အတုယူပြီး နွေဦးတော်လှန်ရေးကြီး အောင်မြင်တဲ့အထိ အာဇာနည်စိတ်ဓာတ်နဲ့ ဆက်လက်တိုက်ပွဲဝင်သွားဖို့ ရည်ရွယ်ပြီး အခုလို အကြိုလှုပ်ရှားမှုတွေကို စီစဉ်ကျင်းပရခြင်း ဖြစ်ပါတယ်"


အဆိုပါ အထိမ်းအမှတ်ပွဲ အခမ်းအနား ပုံရိပ်များကို သတင်းပြန်ကြားရေး၊ ဆက်သွယ်ရေးနှင့် မှတ်တမ်းထိန်းသိမ်းရေး ဆပ်ကော်မတီက မှတ်တမ်းတင် ထုတ်ပြန်ထားခြင်း ဖြစ်သည်။



Comments


bottom of page