top of page
Logo-Icon.png

နွားထိုးကြီးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်စွဲထားတဲ့ရဲစခန်းအပါအဝင် နေရာလေးခုကို ဝင်ရောက်တိုက်ခိုက်

မန္တလေး၊ ဇူလိုင် ၁၈ ၊​ Horizons



မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ထဲက အကြမ်းဖက်စစ်တပ်တပ်စွဲထားတဲ့နေရာလေးခုကို ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် ၄ -၁၀ တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။


ဒီနေ့မနက်ရှစ်နာရီခန့်မှာ တော်လှန်ရေးရဲဘော်တွေက နွားထိုးကြီးမြို့နယ်ထဲမှာ စာသင်ကျောင်း၊ ပြင်စည်ရဲစခန်း နဲ့ ထိမ္ဘလားရွာတို့မှာ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


ဒါအပြင်  ခက်လန်းရွာက အကြမ်းဖက်စစ်တပ်တပ်ဖွဲ့ဝင်တွေကို ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့  မြင်းခြံခရိုင် အမှတ် ၄ -၁၀ တပ်ရင်းက အသိပေးထားပါတယ်။


ဒီတိုက်ခိုက်မှုတွေမှာ အကြမ်းဖက်စစ်တပ်ဘက်က  ငါးဦး သေဆုံးပြီး ထိခိုက်သူအများအပြား ရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၄ -၁၀ တပ်ရင်းထုတ်ပြန်ချက်အရ သိရပါတယ်။


ဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၄ -၁၀ တပ်ရင်းက ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


Photo – မြင်းခြံခရိုင် အမှတ် ၄ -၁၀ တပ်ရင်း

Comments


bottom of page