top of page
Logo-Icon.png

စစ်ဘက်အသွင်ပြောင်းထောင်ဦးစီးအရာရှိက ကိုယ်ပိုင်အိပ်ရာလိပ်ကို အကြောင်းပြပြီး နိုင်ကျဉ်းတွေကို  ရိုက်နှက်ပြီး တိုက်ပိတ်

မန္တလေး၊ ဇူလိုင် ၁၂ ၊ Horizons



မန္တလေးတိုင်း၊ အိုးဘိုဗဟိုအကျဉ်းထောင်မှာ စစ်ဘက်အသွင်ပြောင်း ဦးစီးအရာရှိ သန်းမြတ်စိုး ဦးဆောင်တဲ့ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်ပြီး တိုက်ပိတ်ထားတယ်လို့ Political Prisoners Network – Myanmar က အသိပေးထားပါတယ်။


အကျဉ်းဦးစီးဌာန ထောင်ဝန်ထမ်းတွေက ရှာဖွေရေးအကြောင်းပြပြီး နိုင်ငံရေးအကျဉ်းသားတွေ အသုံးပြုနေတဲ့ အိပ်ရာလိပ်ကို အတင်းအဓမ္မ သိမ်းဆည်းတဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေက မေးမြန်းခဲ့ပေမယ့် ထောင် အာဏာပိုင်တွေက အသုံးမပြုဖို့ ဖိအားပေး ခံဝန်လက်မှတ် ထိုးခိုင်းခဲ့တာ ဖြစ်ပါတယ်။ (အိပ်ရာလိပ်တွေက အကျဉ်းဉီးစီးဌာန ဝန်ထမ်းတွေကို ယ်တိုင် ရောင်းချထားခြင်း ဖြစ်ပါတယ်)


နိုင်ငံရေးအကျဉ်းသားကိုအောင်မျိုးကို (ခ) ကိုမျိုးကို(မန္တလေးပညာရေးဒီဂရီ ကောလိပ်ကျောင်းသားသမဂ္ဂ ဥက္ကဌ) က ငြင်းဆန်ခဲ့တဲ့အတွက် ထောင်ဝန်ထမ်းတွေက  အဓိပစ်မှတ်အဖြစ် တုတ်၊ လက်သီးတွေနဲ့ ဝိုင်းဝန်းထိုးကြိတ်ခဲ့  ကြပါတယ်။


ဒီအခြေအနေတွေအပေါ် မေးမြန်းခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်တဲ့ ကိုကျော်ကြီး နဲ့ ကိုရှိန်ကြီး” တို့ကိုပါ ထပ်မံ ရိုက်နှက်ခဲ့ကြပါတယ်။


လက်ရှိအချိန်မှာ အိပ်ရာလိပ်ကို အတင်းအဓမ္မသိမ်းဆည်းတာကို ကန့်ကွက်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၃ ဦးဖြစ်သည့် "ကိုအောင်မျိုးကို(ခ)ကိုမျိုးကို၊ ကိုကျော်ကြီး၊ ကိုရှိန်ကြီး" နှင့် ရာဇဝတ်အမှုသည် ၁ ဦး၊ စုစုပေါင်း ၄ ဦးအား တိုက်ပိတ် ပြစ်ဒဏ်ပေးထားပါတယ်။


ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အိုးဘိုထောင်ပိုင် သိန်းဇော်မောင်ကိုယ်တိုင်က ထောင်တွင်းရိုက်နှက်မှု မရှိစေရဟု ပြောဆိုပေမဲ့  သူ့လက်အောက်ခံ စစ်တပ် မှ အကျဉ်းဦးစီးဌာနကို ပေါြင်းလာတဲ့ သန်းမြတ်စိုး နဲ့ ရာဇဝတ်အမှုသည်များနဲ့ ပူးပေါင်းပြီး ရိုက်နှက်မှုကို မျက်ကွယ်ပြုထားတာ ြစ်ပါတယ်။


ကျန်နိုင်ငံရေးအကျဉ်းသားတွေကို  အဆောင်ပြောင်းပြီး စောင့်ကြည့်နေသလို  ပြင်းထန်ဒဏ်ရာရရှိသူတွေကို ဆေးကုသခွင့် မပေးလို့ ကျန်းမာရေးခြေနေ စိုးရိမ်နေရတယ်လို့ Political Prisoners Network – Myanmar က ဆိုပါတယ်။


အဲဒီရိုက်နှက်စစ်ဆေးမှုဖြစ်တဲ့နေ့မှာပင် အဆောင် ၄ နဲ့ အဆောင် ၆ မှာအခြားရာဇဝတ်အမှုသည်တွေဆီကနေ  မူးယစ်ဆေးပြားတွေ အထုပ်လိုက် ဖမ်းဆီးရမိပေမဲ့ ပြစ်ဒဏ်ပေးတာမျိုး မရှိဘဲ လွှတ်ထားတဲ့လုပ်ရပ်ကို ကြည့်ပြီး ထောင်အာဏာပိုင်တွေက နိုင်င့ရေဂအကျဉ်းသားတွေအပေါ် သီးသန့်ပစ်မှတ်ထားတဲ့စနစ်နဲ့ လုပ်ဆောင်တာကို သက်သေ ခံနေတယ်လို့ Political Prisoners Network – Myanmar ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။


PPNM က  ဒီဖြစ်စဉ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ပြီး ဒီနေ့အချိန်ထိ တိုက်ပိတ်ခံထားရသူတွေကို ချက်ချင်း ပြန်လွှတ်ပေးဖို့၊  လုံလောက်တဲ့ဆေးကုသခွင့် ပေးဖို့ နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ထောင်တွင်းလူ့အခွင့်အရေး  ချိုးဖောက်မှုတွေကို မျက်ခြေမပြတ် စောင့်ကြည့်ပေးဖို့ တောင်းဆိုထားပါတယ်။

Comments


bottom of page