စဉ့်ကူးမြို့နယ်မှာ အုပ်ချုပ်ရေးမှူးနှစ်ဦး သေနတ်ဒဏ်ရာတွေနဲ့ သေဆုံး
- Horizons News

- Jul 11
- 1 min read
မန္တလေး၊ ဇူလိုင် ၁၁ ၊ Horizons

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ထဲက အုပ်ချုပ်ရေးမှူးနှစ်ဦးက သေနတ်ဒဏ်ရာတွေ နဲ့ သေဆုံးသွားပြီလို့ ဒေသခံသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။
မနေ့(ဇူလိုင် ၁၀) နံနက် ရှစ်နာရီခန့်မှာ စဉ့်ကူးမြို့အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့က ရွှေဂုံတိုင်ရွာ နဲ့ ရွှေဒုံးရွာက အုပ်ချုပ်ရေးမှူးတွေကို ရွှေဂုံတိုင်ရွာလက်ဖက်ရည်ဆိုင်အတွင်းမှာ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
ဒေသခံတစ်ဦးက “DB နှစ်ခုကို ရွှေပြည်ရဲစခန်းကို ယူသွားတယ်။ သူတို့လည်း လာကြည့်ရုံပဲ ကြည့်တဲ့သဘောပါပဲ။ တစ်ခြားထူးထူးခြားခြား မရှိပါဘူး” လို့ ပြောပါတယ်။
အဲဒီအုပ်ချုပ်ရေးနှစ်ဦးက အကြမ်းဖက်စစ်တပ်နဲ့ ပူးပေါင်းပြီး ပြည်သူလူထုကို ငွေညှစ်တာ၊ ရိုက်နှက်တာတွေ လုပ်တဲ့အပြင် တော်လှန်ရေးသတင်းတွေကို စုံစမ်းနေသူတွေ ဖြစ်ပါတယ်။
( Photo - Google Map )



Comments