စဉ့်ကူးမြို့အနီး ဗဟိုပြု၍ မဂ္ဂနီကျူ့ ၄ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်
- Horizons News

- Jul 12
- 1 min read
မန္တလေး ၊ ဇူလိုင် ၁၂ ၊ Horizons

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့ကို ဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု ယနေ့ (ဇူလိုင်လ ၁၂ ရက်) နံနက်အစောပိုင်းက လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (DMH) မှ သတင်းထုတ်ပြန်ထားသည်။
မန္တလေးမြေငလျင်စခန်းမှ တိုင်းထွာရရှိချက်များအရ အဆိုပါ ငလျင်သည် ယနေ့နံနက် ၅ နာရီ၊ ၉ မိနစ်၊ ၂၃ စက္ကန့်အချိန်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ စဉ့်ကူးမြို့၏ မြောက်ဘက် (၁၁) မိုင်ခန့်အကွာ၊ မြေပြင်မှ အနက် ၁၁ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး မဂ္ဂနီကျူ့ ၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်အမျိုးအစားဖြစ်ကြောင်း သိရှိရသည်။



Comments