top of page
Logo-Icon.png

ညောင်တုန်းမြို့နယ် ရန်ကုန်-ပုသိမ်ကားလမ်းတွင် ယာဉ်တစ်စီး ရေမြောင်းထဲ ထိုးကျတိမ်းမှောက်ပြီး အမျိုးသားတစ်ဦး သေဆုံး

ညောင်တုန်း ၊ ဇူလိုင် ၁၈ ၊ Horizons



ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ရန်ကုန်-ပုသိမ်ကားလမ်းပေါ်တွင် ယမန်နေ့ (ဇူလိုင်လ ၁၇ ရက်) ညနေပိုင်းက မော်တော်ယာဉ်တစ်စီး အရှိန်လွန်ကာ လမ်းဘေးရေမြောင်းထဲသို့ ထိုးကျတိမ်းမှောက်ခဲ့မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ယမန်နေ့ ညနေ ၆ နာရီကျော်အချိန်ခန့်က ညောင်တုန်းမြို့နယ်၊ တဇင်ရေကျော်ကျေးရွာအုပ်စု၊ အသင်းစုကျေးရွာအနီး ရန်ကုန်-ပုသိမ်ကားလမ်းအတိုင်း မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးသည် မိုင်တိုင်အမှတ် ၃၀/၁ နှင့် ၃၀/၂ ကြားအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ရေမြောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။



အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အမျိုးသားတစ်ဦးမှာ ပြင်းထန်သောဒဏ်ရာများ ရရှိခဲ့ပြီး အခင်းဖြစ်ပွားရာနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။


သေဆုံးသူ၏ ရုပ်အလောင်းကို ဆားမလောက်ကျေးရွာအခြေစိုက် "လူငယ့်ရိပ်မွန် လူမှုကူညီရေးအသင်း" က အရေးပေါ်လူနာတင်ယာဉ်ဖြင့် ညောင်တုန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြကြောင်း သိရှိရသည်။



Comments


bottom of page