top of page
Logo-Icon.png

တန့်ယန်းမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မြေထိန်းနံရံပြိုကျမှုကြောင့် အသက် (၄၉) နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံး

တန့်ယန်း ၊ ဇွန် ၈ ၊ Horizons



ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ တန့်ယန်းမြို့တွင် ယနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်) နံနက်ပိုင်းမှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် လူနေအိမ်တစ်လုံးပေါ်သို့ မြေထိန်းနံရံ ပြိုကျပိမိသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။


 အဆိုပါ မြေပြိုကျမှုဖြစ်စဉ်သည် တန့်ယန်းမြို့၊ အမှတ် (၆) ရပ်ကွက်၊ အုပ်စု (၅) တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုဖြစ်စဉ်ကြောင့် အမျိုးသမီးတစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်။


မြေထိန်းနံရံ ပြိုကျမှုသတင်းကို ရရှိသည်နှင့်တပြိုင်နက် တန့်ယန်းမြို့နယ် အရန်မီးသတ်တပ်ရင်းမှ တပ်ဖွဲ့ဝင်များက ဖြစ်စဉ်ဖြစ်ပွားရာ နေရာသို့ အချိန်မီ သွားရောက်ကာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို အပူတပြင်း ဆောင်ရွက်ခဲ့ကြသည်။


 ထိုသို့ ရှာဖွေမှုများ ပြုလုပ်ခဲ့ရာတွင် အဆိုပါ နေအိမ်အတွင်းရှိ အသက် (၄၉) နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ မြေပိကျမှုကြောင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီး ၎င်း၏ ရုပ်အလောင်းအား မီးသတ်တပ်ဖွဲ့ဝင်များက တန့်ယန်းမြို့ ပြည်သူ့ဆေးရုံသို့ စနစ်တကျ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။


Photo - တန့်ယန်းအရန်မီးသတ်

Comments


bottom of page