top of page
Logo-Icon.png

ထိုင်းနိုင်ငံ မဲဆောက်နှင့် ရနောင်းတို့တွင် မြန်မာနိုင်ငံသား ၁၅ ဦး ဖမ်းဆီးခံရ

မဲဆောက်၊ ဇွန် ၁၁ ၊ Horizons



ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ဈေးကြီးအတွင်း၌ နိုင်ငံခြားသားများ လုပ်ကိုင်ခွင့်မရှိသော အလုပ်အကိုင်များကို လုပ်ကိုင်နေသူများအား ထိုင်းအာဏာပိုင်များက ယနေ့တွင် ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။


 ယင်းသို့ ဝင်ရောက်စစ်ဆေးရာတွင် တရားမဝင် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၁၀ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန် မဲဆောက်ရဲစခန်းသို့ ပို့ဆောင်ထိန်းသိမ်းထားကြောင်း သိရသည်။ 


ထိုင်းအာဏာပိုင်များအနေဖြင့် ယခုကဲ့သို့ ရှောင်တခင် စစ်ဆေးဖမ်းဆီးမှုများကို ဆက်လက်၍ တင်းတင်းကျပ်ကျပ် ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သတိပေး ပြောကြားထားသည်။


အလားတူ ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းခရိုင်အတွင်း၌လည်း ရေလမ်းကြောင်းမှတစ်ဆင့် တရားမဝင် ခိုးဝင်လာခဲ့သည့် မြန်မာနိုင်ငံသား ၅ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။ 


ဖမ်းဆီးခံရသူများကို ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာမှုဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး နေရပ်သို့ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Comments


bottom of page