top of page
Logo-Icon.png

ရုရှား၏ တိုက်ခိုက်မှုကြောင့် ယူကရိန်းရှိ သမိုင်းဝင် Kyiv Pechersk Lavra ဘုန်းတော်ကြီးကျောင်း မီးလောင်

ကိယက်ဗ်၊ ဇွန် ၁၅ ၊ Horizons



ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့တော်တွင် တနင်္လာနေ့အစောပိုင်းက ရုရှား၏ အကြီးစားတိုက်ခိုက်မှုကြောင့် ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နှစ် (၁,၀၀၀) နီးပါး သက်တမ်းရှိ သမိုင်းဝင် ကိယက်ဗ် ပက်ချာ့စ်ခ် လာဗရာ) ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားသည်။


မီးသတ်တပ်ဖွဲ့ဝင်များက ကျောင်းတိုက်ဝင်းအတွင်းရှိ ဒေါမစ်ရှင် ဘုရားရှိခိုးကျောင်းal) တွင် လောင်ကျွမ်းနေသော မီးများကို ငြှိမ်းသတ်ခဲ့ရပြီး ယင်းလုပ်ရပ်သည် လူသားထု၊ ခရစ်ယာန်ဘာသာနှင့် သမိုင်းဝင်အမွေအနှစ်များကို ကျူးလွန်သည့် ရုရှား၏ ရာဇဝတ်မှုတစ်ခုဖြစ်ကြောင်း ယူကရိန်းယဉ်ကျေးမှုဝန်ကြီးနှင့် ဘာသာရေးခေါင်းဆောင်များက ပြင်းပြင်းထန်ထန် ရှုတ်ချထားသည်။ 


အဆိုပါ (၁၁) ရာစုနှစ်က တည်ဆောက်ခဲ့သည့် ဘုန်းတော်ကြီးကျောင်းကို ယူနက်စကိုက ၂၀၂၃ ခုနှစ်တွင် ရုရှား၏ တိုက်ခိုက်ခံရနိုင်ခြေရှိသည့် ခြိမ်းခြောက်မှုများကြောင့် "အန္တရာယ်ရှိ ကမ္ဘာ့အမွေအနှစ်စာရင်း" သို့ ထည့်သွင်းထားခဲ့သည်။


ယခု တိုက်ခိုက်မှုများကြောင့် ကိယက်ဗ်မြို့တွင် အနည်းဆုံး အရပ်သား (၄) ဦး သေဆုံးကာ (၂၀) ကျော် ဒဏ်ရာရရှိခဲ့ပြီး၊ မြို့မြောက်ပိုင်းရှိ အိမ်ထောင်စုပေါင်း (၁၄၀,၀၀၀) ခန့် လျှပ်စစ်မီး ပြတ်တောက်လျက်ရှိကြောင်း မြို့တော်ဝန်က အတည်ပြုသည်။ 


အလားတူ နိုင်ငံအရှေ့မြောက်ပိုင်းရှိ ခါကိဗ်မြို့ တွင်လည်း ရုရှား၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူ (၅) ဦး သေဆုံးပြီး (၅) ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးက ဆိုသည်။


ယခုတိုက်ခိုက်မှုသည် ယူကရိန်းသမ္မတ ဇလန်းစကီးနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့အကြား (၄) နှစ်ကျော်ကြာမြင့်နေပြီဖြစ်သော စစ်ပွဲအဆုံးသတ်ရေးနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ 


သမ္မတထရမ့်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့်လည်း တနင်္ဂနွေနေ့က ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

Comments


bottom of page