top of page
Logo-Icon.png

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မတရား ဖမ်းဆီးထိန်းသိမ်းခံထားရမှု ရက်ပေါင်း (၂,၀၁၄) ရက်သို့ ရောက်ရှိ

ရန်ကုန် ၊ ဩဂုတ် ၇ ၊ Horizons



အကြမ်းဖက်စစ်ကောင်စီက မတရား ဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ (၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၇ ရက်) တွင် တရားမဲ့ ချုပ်နှောင်ခံထားရသည့် သက်တမ်း ရက်ပေါင်း (၂,၀၁၄) ရက်တိုင်တိုင် ရှိလာပြီဖြစ်ကြောင်း သိရသည်။


ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်တပ်က မတရားအာဏာသိမ်းသည့် နံနက်အစောပိုင်းမှစ၍ ဖမ်းဆီးခံခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့အချိန်အထိ ထိန်းသိမ်းခံထားရဆဲဖြစ်သည်။ ထို့ကြောင့် ပြည်တွင်း၊ ပြည်ပရှိ မြန်မာပြည်သူများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက ၎င်းအား ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လည်လွှတ်ပေးရေး (#FreeDawAungSanSuuKyi, #FreeHerNow) အတွက် အစဉ်တစိုက် ထပ်မံတောင်းဆိုလျက်ရှိကြသည်။


၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ ယနေ့ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၇) ရက်နေ့အထိ စုစုပေါင်း ရက်ပေါင်း (၂,၀၁၄) ရက်တိုင်တိုင် တရားမဲ့ ထိန်းသိမ်းခံထားရခြင်းဖြစ်သည်။ အကြမ်းဖက်စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ ပုဒ်မအမျိုးမျိုးတပ်၍ မတရား စွပ်စွဲပြီး အနှစ် (၃၀) နီးပါး ထောင်ဒဏ်များ ချမှတ်ပြစ်ဒဏ်ခတ်ထားခဲ့ခြင်း ဖြစ်သည်။


ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံး ပြန်လည်လွတ်မြောက်ရေးအတွက် ပြည်သူများက လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် လှုပ်ရှားမှုများ ပြုလုပ်ကာ သတင်းစကား ပါးလျက်ရှိသည်။


ဒီမိုကရေစီနည်းကျ ရွေးကောက်ခံနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား (၅) နှစ်ကျော်ကြာ (ရက်ပေါင်း ၂,၀၀၀ အထက်) မတရား ထိန်းသိမ်းထားခြင်းသည် တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းပင် ဖြစ်သည်။


ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန် အကြိမ်ကြိမ် တောင်းဆိုနေသော်လည်း စစ်ကောင်စီကမူ မျက်ကွယ်ပြုထားဆဲဖြစ်သည်။ ၎င်းအား ယခုကဲ့သို့ တရားမဲ့ ဆက်လက် ထိန်းသိမ်းထားခြင်းသည် မြန်မာ့နိုင်ငံရေး အကျပ်အတည်း ငြိမ်းချမ်းစွာ ပြေလည်ရေးအတွက် ကြီးမားသည့် အဟန့်အတားတစ်ခုအဖြစ် ဆက်လက် တည်ရှိနေကြောင်း သုံးသပ်ရရှိသည်။


Comments


bottom of page