လက်ပံတန်းမြို့နယ်တွင် ပြည်သူများ သွားလာရေး အဆင်ပြေစေရန် ပ.က.ဖ ရဲဘော်များက လမ်းနှင့် တံတားများ ပြုပြင်ပေး
- Horizons News

- 4 hours ago
- 1 min read
လက်ပံတန်း ၊ ဩဂုတ် ၇ ၊ Horizons

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်အတွင်း မိုးရာသီကာလကြောင့် ဒေသခံပြည်သူများ သွားလာရေး ခက်ခဲနေသည့် လမ်းများနှင့် တံတားများကို လက်ပံတန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ရဲဘော်များက ဦးဆောင်၍ ပြုပြင်တည်ဆောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း ယနေ့ (ဩဂုတ်လ ၇ ရက်) တွင် သတင်းထုတ်ပြန်သည်။
အဆိုပါ လမ်းနှင့် တံတားများ ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများကို လက်ပံတန်း ပ.က.ဖ ရဲဘော်များက ဒေသခံပြည်သူများနှင့်အတူ လက်တွဲကာ တက်ကြွစွာ ပူးပေါင်းလုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။
တော်လှန်ရေးအင်အားစုများဖြစ်သည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များအနေဖြင့် စစ်ရေးလှုပ်ရှားမှုများသာမက ယခုကဲ့သို့ ပြည်သူများ၏ အခက်အခဲများကို ဖြေရှင်းပေးသည့် ပြည်သူ့အကျိုးပြု လုပ်ငန်းများကိုပါ ဒေသခံများနှင့် ပူးပေါင်းကာ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။













Comments