နတ်မောက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ် ဗုံးကြဲလို့ ကလေးတစ်ဦး သေဆုံး
- Horizons News

- 4 days ago
- 1 min read
မကွေး၊ ဇူလိုင် ၁၄ ၊ Horizons

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကန်လေးကုန်းကျေးရွာကို အကြမ်းဖက်စစ်တပ်က ဒီနေလယ်ပိုင်းမှာ ဗုံးကြဲတယ်လို့ ဒေသခံတစ်ဦးက Horizons News ကို ပြောပါတယ်။
ဒေသခံတစ်ဦးက “ကန်လေးကုန်းဘုန်ကြီးကျောင်း နဲ့ စာသင်ကျောင်းကို ကြဲသွားတယ်။ ကလေးတစ်ယောက် သေတယ်၊ ကလေးတစ်ယောက်က ပေါင်ပြတ်လောက်တယ်။ အသံက အကျယ်ကြီး” လို့ ပြောပါတယ်။
Wai Hin ကင်းထောက်ချန်နယ်ကတော ညောင်ဦးလေတပ်တက် MI 35 က နတ်မောက်မြိုန့ယ်ကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာအင်တာနက်ပရောဂျက် - MIP ကတော့ ဒီနှစ် ဧပြီကနေ ဇွန်လအထိ အကြမ်းဖက်စစ်တပ်က လေကြောင်း တိုက်ခိုက်မှုအကြိမ်ရေ ၅၂၀ အထိ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။



Comments