ပေါက်တောမြို့နယ် မနော်သီရိရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ဒေသခံ (၂) ဦး ဒဏ်ရာရ
- Horizons News

- 2 days ago
- 1 min read
ပေါက်တော ၊ ဇူလိုင် ၁၆ ၊ Horizons

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိ မနော်သီရိကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ (ဇူလိုင်လ ၁၅ ရက်) ညနေပိုင်းတွင် လေကြောင်းမှ နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ (၂) ဦး ဗုံးစထိမှန်ပြီး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ ၁၅ ရက် ညနေ ၇ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် မနော်သီရိရွာဆိပ်ကမ်းကို တစ်ကြိမ်၊ ညနေ ၇ နာရီ ၃၀ မိနစ်ခန့်တွင် ရွာအတွင်းသို့ တစ်ကြိမ် စုစုပေါင်း (၂) ကြိမ်တိုင်တိုင် ဗုံးသီး (၃) လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ လေကြောင်းမှ ဗုံးကြဲချမှုကြောင့် မနော်သီရိရွာမှ အသက် (၂၆) နှစ်အရွယ် မနှင်းစိုး၏ ဘယ်ဘက်လက်နှင့် ငခူရှည်ရွာမှ အသက် (၅၂) နှစ်အရွယ် ဦးခင်ထွန်းဝင်း၏ ဦးခေါင်းတို့တွင် ဗုံးစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး လက်ရှိတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ပေါက်တောမြို့နယ်အတွင်းရှိ အရပ်သားပစ်မှတ်များကို ယခုကဲ့သို့ လေကြောင်းမှ မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိသည်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ကလည်း ပေါက်တောမြို့ပေါ်သို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် မြို့ခံ (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ဖူးကြောင်း သိရှိရသည်။



Comments