top of page
Logo-Icon.png

ဖားကန့်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ဥရုချောင်းရေတက်လာသဖြင့် မြို့လယ်အနိမ့်ပိုင်းနှင့် ကျောက်ဝိုင်းလမ်းပိုင်းတို့၌ ရေကြီးရေလျှံမှုဖြစ်ပွား

ဖားကန့် ၊ ဇူလိုင် ၁၇ ၊ Horizons



ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ယမန်နေ့ညပိုင်းကတည်းက မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် ယနေ့ (ဇူလိုင်လ ၁၇ ရက်) နံနက်ပိုင်းမှစတင်ကာ ဥရုချောင်းရေ အရှိန်အဟုန်ဖြင့် မြင့်တက်လာပြီး မြို့ပေါ်ရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေကြောင်း သိရသည်။


ချောင်းရေ ရုတ်တရက်တက်လာမှုကြောင့် ဖားကန့်မြို့လယ်ရှိ အနိမ့်ပိုင်းဒေသများနှင့် ဖားကန့်ကျောက်ဝိုင်းလမ်းပိုင်းတို့တွင် ရေကျော်ကာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုများ ရှိနေသည်။


လက်ရှိတွင် ရေကြီးရေလျှံမှုကြောင့် လမ်းပိတ်ဆို့မှုများရှိနေသဖြင့် ဆိုင်းတောင်၊ အေးမြသာယာ၊ မှော်သောင်း၊ ဆန်းကြွယ်နှင့် ဖားပြင် ကျေးရွာ/ရပ်ကွက်များသို့ သွားလာမည့် ခရီးသွားပြည်သူများနှင့် ဒေသခံများအနေဖြင့် ပုံမှန်လမ်းကြောင်းများမှ သွားလာ၍မရဘဲ ဘေးကင်းလွတ်ရာ ပတ်လမ်းများမှတစ်ဆင့် သတိပြုကာ လွှဲပြောင်းသွားလာကြပါရန် နှိုးဆော်ထားကြောင်း သိရှိရပါသည်။


Comments


bottom of page