top of page
Logo-Icon.png

ရေးမြို့နယ်တောင်ပိုင်းရှိ စစ်ကောင်စီ ကာကင်းစခန်းကို MSRF ဝင်ရောက်တိုက်ခိုက်

ရေး ၊ ဇူလိုင် ၁၇ ၊ Horizons



မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်း၊ ခေါဇာမြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ (၃၁) လက်အောက်ခံ ကာကင်းစခန်းကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) တပ်ခွဲ (၁) မှ ရဲဘော်များက ယမန်နေ့ (ဇူလိုင်လ ၁၆ ရက်) နံနက်ပိုင်းတွင် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ယမန်နေ့ နံနက် ၈ နာရီဝန်းကျင်ခန့်တွင် အင်အား (၂၀) ဝန်းကျင် တပ်စွဲထားသော အဆိုပါ စစ်ကောင်စီကာကင်းစခန်းကို တော်လှန်ရေးရဲဘော်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက်မရှိ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။


အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး MSRF ၏ ပြောရေးဆိုခွင့်ရှိသူ မိတလညဏ်က "ရေးတောင်ပိုင်းက ကာကင်းကို သွားရောက်တိုက်ခိုက်တဲ့ တိုက်ပွဲမှာ စကစဘက်က အသေအပျောက်စာရင်းကိုတော့ ကျွန်မတို့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။ အဲဒီစခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၂၀) ဝန်းကျင်ရှိပါတယ်။ စစ်ကောင်စီဘက်က လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာမျိုးတော့ မရှိပါဘူး" ဟု ပြောဆိုသည်။



Comments


bottom of page