top of page
Logo-Icon.png

ဖောင်းပြင်မြို့နယ်ကို ဆန်တက်လာတဲ့အကြမ်းဖက်စစ်တပ်ရေယာဉ်တန်းက ဖလက်ခွံတစ်စီး နစ်မြုပ်

စစ်ကိုင်း၊ ဇူလိုင် ၁၆ ၊ Horizons



စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ထဲမှာ အကြမ်းဖက်စစ်တပ်ရေယာဉ်အုပ်စုက ဖလက်ခွံတစ်စီး နစ်မြုပ်သွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက Horizon News ကို ပြောပါတယ်။


ဒေသခံတစ်ဦးက “တိုက်ပွဲက ဖြစ်နေတုန်း ရှိသေးတယ်။ လေယာဉ်တွေ AS လုပ်တာ နှစ်ခါရှိပြီ။ နောက်တွဲ တစ် စီးက လုံးလုံးမြုပ်သွားပြီတဲ့ဗျ” လို့ ပြောပါတယ်။


ဒီနေ့ နေလယ်ပိုင်းမှာ ဖောင်းပြင်မြို့နယ်ထဲက ကယားရွာ နဲ့ သာစည်ရွာကြား၊ ချင်းတွင်းမြစ်ထဲက အကြမ်းဖက်စစ် တပ်ရေယာဉ်တန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


တစ်ခြားသတင်းရင်းမြစ်က “တစ်စီးက သူ့ဘာသာ သူမြုပ်သွားတာ၊ နောက်တစ်စီးက အတည်ပြုနေဆဲ” လို့ ပြောပါတယ်၊။


ဟုမ္မလင်းမြို့အခြေစိုက် ဂျက်ဖိုက်တာတစ်စီးနဲ့ စစ်သင်္ဘောတွေက ဖောင်းပြင်မြို့နယ်အနီး ကျေးရွာတွေကို တိုက်ခိုက်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။


Wai Hin ကင်းထောက်ချန်နယ်ကတော့ ဟုမ္မလင်းမြို့လေတပ်တက် ဂျက်ဖိုက်တာတစ်စီးက ဖောင်းပြင် မြို့နယ် တစ်နေရာကို ဗုံးကြဲသွားတယ်လို့ ဖော်ပြထားပါတယ်။



Comments


bottom of page