top of page
Logo-Icon.png

ဘူးသီးတောင်တွင် ရေနစ်နေသည့် (၁၀) နှစ်အရွယ် မွတ်စလင်ကလေးငယ်တစ်ဦးကို ULA/AA ကယ်ဆယ်ရေးအဖွဲ့ အချိန်မီ ကယ်တင်

ဘူးသီးတောင် ၊ ဇူလိုင် ၁၃ ၊ Horizons



ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် ရေဘေးအန္တရာယ်နှင့် ကြုံတွေ့နေရစဉ် ရေနစ်နေသည့် အသက် (၁၀) နှစ်အရွယ် မွတ်စလင်ကလေးငယ်တစ်ဦးကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ၏ ကယ်ဆယ်ရေးအဖွဲ့က ယမန်နေ့ (ဇူလိုင်လ ၁၂ ရက်) တွင် အသက်ရှင်လျက် အချိန်မီ ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။


အဆိုပါ ကယ်တင်ခံရသည့် ကလေးငယ်မှာ ဘူးသီးတောင်မြို့၊ အမှတ် (၅) ရပ်ကွက်တွင် နေထိုင်ကြသော ဖခင် ဦးအာဘူဆောင်းနှင့် မိခင် ဒေါ်ဖာတမာတို့၏ သားဖြစ်သူ မောင်အာရ်မာန် (အသက် ၁၀ နှစ်) ဖြစ်ကြောင်း သိရှိရသည်။


ကလေးငယ်အနေဖြင့် ရေနစ်မြုပ်ကာ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရချိန်တွင် ULA/AA ၏ ကယ်ဆယ်ကူညီရေးအဖွဲ့က အရေးပေါ် အချိန်မီ ရောက်ရှိကယ်တင်ပေးနိုင်ခဲ့သည့်အတွက် ယခုကဲ့သို့ အသက်ချမ်းသာရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း APM သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။


(ဓာတ်ပုံနှင့် သတင်း - APM)


Comments


bottom of page